မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားများကို ဇန်နဝါရီလ ၂၂ ရက်တွင် ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါရုံးနေရာ များ၌ သီးခြားစီကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားများကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ  အဆောက်အဦများအတွင်း လှည့်လည်ကြည့်ရှု၍ ဥပဒေချုပ်ရုံးမှ ဝန်ထမ်းများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော်အစည်းအဝေးခန်းမအတွင်း  ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ တရားလွှတ် တော်ရုံးအဆောက်အဦသစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • တရားစီရင်ရေး၊ ဥပဒေအကြံပြုရေးတို့နှင့်ပတ်သက်ပြီး မှုခင်းကိစ္စများကို ဆောင်ရွက်ရာတွင် မှန်ကန်မြန်ဆန်မှုရှိစေရန်နှင့် လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများ နှစ်အလိုက်လျာထားပြီး တရားလွှတ်တော်အဆောက်အဦများနှင့် ဥပဒေရုံးသစ်များကို လိုအပ်သည့်နေရာများတွင် တည်ဆောက်ပေး လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် အင်္ဂလိပ်ရိုးရာဥပဒေစနစ် (Common Law System) ကို အခြေခံထားသည့်စနစ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ တရားစီရင်ရေးအာဏာသည် နိုင်ငံတော်၏အာဏာသုံးရပ်ထဲမှ တစ်ရပ်ပင်ဖြစ်ကြောင်း။
  • ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်ပြီး ၎င်း၏ လက်အောက်တွင် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးများ၊ မြို့နယ်တရားရုံးများကို အသီးသီး ဖွဲ့စည်းထားရှိကြောင်း။
  • ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင်ရှိနေပြီး ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်၏အကြီးအကဲကို တာဝန်ခံရသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များသည်လည်း ဝန်ကြီးချုပ်များမှတစ်ဆင့် နိုင်ငံတော်၏အကြီးအကဲကို တာဝန်ခံရသည် ပင်ဖြစ်ကြောင်း။
  • ဗြိတိသျှအင်္ဂလိပ်တို့က မြန်မာနိုင်ငံကို ကိုလိုနီပြုပြီးနောက်တွင် ၎င်းတို့၏ အင်္ဂလိပ် ရိုးရာတရားစီရင်ရေးစနစ် (Common Law System)ကို မြန်မာ့တရားစီရင်ရေးစနစ်တွင် အစားထိုးခဲ့ခြင်းဖြစ်ကြောင်း။
  • တရားစီရင်ရေးသည် မှန်ကန်မြန်ဆန်ပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးနှင့် အဂတိလိုက်စားမှု ကင်းရှင်းရေးသည်လည်း အဓိကအရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ တရားစီရင်ရာတွင် အမြန်ဆုံးတရားစီရင်ရေးသည် အမှန်ဆုံးတရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်သဖြင့် အမှုများကို မြန်မြန်နှင့်မှန်မှန် ဆောင်ရွက်နိုင်ရေးအတွက် “တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့”ဖွဲ့စည်းပေးပြီး အထောက်အကူပေးဆောင်ရွက်စေလျက်ရှိကြောင်း၊ ယင်းအဖွဲ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့က ပုဂ္ဂိုလ်များလည်း ပါဝင်ဖွဲ့စည်း ထားကြောင်း။
  • နိုင်ငံတော်အနေဖြင့် အဆောက်အဦသစ်များကို တည်ဆောက်ပေးရသည့် ရည်ရွယ်ချက်သည် မဏ္ဍိုင်ကြီး ၃ ရပ်အား ဂုဏ်သိက္ခာရှိစွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန်ဖြစ်ပြီး အရည်အချင်းပြည့်မီသည့် တရားရေးနှင့် ဥပဒေအရာရှိများကို ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက်လည်းဖြစ်ကြောင်း။
  • နိုင်ငံသားအားလုံးလိုလားသည့် စစ်မှန်၍စည်းကမ်းပြည့်ဝပြီး တရားမျှတသည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်၊ ကာကွယ်ရန်၊ မြှင့်တင်ရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး အခြေခံလူ့အခွင့်အရေးများ ရရှိခံစားနိုင်ရန်လည်းလိုကြောင်း။
  • တရားစီရင်ရေး ကဏ္ဍတွင်လည်း မလိုအပ်ဘဲ ကြန့်ကြာနေသည့် တရားမမှုများ၊ ရာဇဝတ်မှုများ၊ အယူခံမှု၊ ပြင်ဆင်မှုများကို အချိန်တိုတိုအတွင်း မှန်ကန်မြန်ဆန်စွာ ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြား ခဲ့ပါသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ် ဆက်ခဲ့ကြပါသည်။

  • မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် အင်္ဂလိပ်ရိုးရာဥပဒေစနစ် (Common Law System)ကို အခြေခံထားသည့်စနစ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ တရားစီရင်ရေးအာဏာသည် နိုင်ငံတော်၏အာဏာသုံးရပ်ထဲမှတစ်ရပ်ပင်ဖြစ်။
  • ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်ပြီး ၎င်း၏ လက်အောက်တွင် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင် တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ မြို့နယ်တရားရုံးများကို အသီးသီးဖွဲ့စည်းထားရှိ။
  • ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင်ရှိနေပြီး ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်၏အကြီးအကဲကို တာဝန်ခံရသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များသည်လည်း ဝန်ကြီးချုပ် များမှတစ်ဆင့် နိုင်ငံတော်၏ အကြီးအကဲကို တာဝန်ခံရသည်ပင်ဖြစ်။
  • နိုင်ငံတော်အနေဖြင့် အဆောက်အဦသစ်များကို တည်ဆောက်ပေးရသည့် ရည်ရွယ်ချက်သည် မဏ္ဍိုင်ကြီး ၃ ရပ်အား ဂုဏ်သိက္ခာရှိစွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန်ဖြစ်။
  • တရားစီရင်ရေးကဏ္ဍတွင်လည်း မလိုအပ်ဘဲကြန့်ကြာနေသည့် တရားမမှုများ၊ ရာဇဝတ်မှုများ၊ အယူခံမှု၊ ပြင်ဆင်မှုများကို အချိန်တိုတိုအတွင်း မှန်ကန်မြန်ဆန်စွာ ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လို။

Add new comment