ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
-
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များ၊ ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကပ်ရောဂါ၊ ငွေကြေးအကျပ်အတည်း၊ သဘာဝဘေးအန္တရာယ်တို့နှင့် ရင်ဆိုင်တွေ့ကြုံရပါက ကြံ့ကြံ့ခံ နိုင်စွမ်းရှိရေး၊ ကိုဗစ်-၁၉အလွန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားသောဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စများဖြစ်သည့် နိုင်ငံဖြတ်ကျော် ငွေပေးချေရေးစနစ် ထူထောင်ရေး၊ ကျန်းမာရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို ဆွေးနွေးခဲ့။
-
ပြည်ထောင်စုဝန်ကြီးနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာတန်ဇင်လက်ခ်ဖဲလ်တို့ တွေ့ဆုံစဉ် ဘင်းမ်စတက် ပဋိညာဉ်အား မြန်မာနိုင်ငံက အတည်ပြုပါဝင်ခဲ့သည့် စာလွှာ (မူရင်း) ကို အပ်နှံခဲ့။
-
ဘင်းမ်စတက်၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၇) ခုရှိသည့်အနက် မြန်မာနိုင်ငံသည် “လက်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိ။
အစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူလ်မိုမန်၊ ဘူတန်နိုင်ငံခြားရေးနှင့် ပြည်ပကုန်သွယ်ရေးဝန်ကြီး ဒေါက်တာတန်ဒီဒေါ်ဂျီ၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၊ နီပေါနိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာရာရန်ပရာကက်ရှ်ဆော့ဒ်၊ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာအလီဆာဘရီ၊ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်းနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာတန်ဇင်လက်ခ်ဖဲလ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၃)
-
အစည်းအဝေးတွင် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များ၊ ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အခြားသောဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စများဖြစ်သည့် နိုင်ငံဖြတ်ကျော် ငွေပေးချေရေးစနစ်ထူထောင်ရေး၊ ကျန်းမာရေး၊ စွမ်းအင်နှင့် စားနပ် ရိက္ခာဖူလုံရေးတို့ကို ဆွေးနွေးခဲ့။
-
ဘင်းမ်စတက်၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၇) ခုရှိသည့်အနက် မြန်မာ နိုင်ငံသည် “လက်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိ။
Add new comment