ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အိန္ဒိယသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့မှ တာဝန်ရှိအကြီးအကဲများနှင့်တွေ့ဆုံ

          နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၁၆   ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စဂျိုင်ရှန်ကာနှင့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ် (ဒ်) ဝီနိုင်းတို့နှင့်လည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူလ်မိုမန်နှင့် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာအလီဆာဘရီတို့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  • အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံအကြား နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေး၊ ပေါင်းစည်းချိတ်ဆက်မှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများတိုးချဲ့ရေး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘင်းမ်စတက် အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမို တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ အထူး သဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး၊ အာဆီယံနှင့် ကုလ သမဂ္ဂတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
  • ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုး တက်ခိုင်မာရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း ကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အထူးသဖြင့် ပညာရေး၊ သတင်းအချက်အလက်နည်းပညာ၊ ငွေကြေးကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဇူလိုင်လ ၁၇ ရက်တွင် လည်း ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၂)

 

  • ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အိန္ဒိယသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ တာဝန်ရှိအကြီးအကဲများနှင့် တွေ့ဆုံ၍ ဒေသ တွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ပိုမိုပူးပေါင်းဆောင်ရွက် သွားရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

Add new comment