ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ မြန်မာ-ထိုင်းနှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်စတင်ပျံသန်း

          မြန်မာ-ထိုင်းနှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်ဝန်ဆောင်မှုကဏ္ဍတိုးချဲ့ဆောင်ရွက်သည့်အနေဖြင့် ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Thai Airways Inter-national) မှ Airbus A320 လေယာဉ်ဖြင့် ဗန်ကောက်-ရန်ကုန်-ဗန်ကောက်ခရီးစဉ်ကို ဇူလိုင်လ ၁၆ ရက်မှစ၍ ပျံသန်းပေးလျက်ရှိပါသည်။

ယခင်က မြန်မာ-ထိုင်းနှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်ကို ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း၏ မိတ်ဖက်ဖြစ်သော Thai Smile Airways လေယာဉ်ဖြင့် ပျံသန်းခဲ့သော်လည်း ယခုအခါ ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ ခရီးသည်ဦးရေ ၁၇၀ ခန့်အထိ သယ်ဆောင်နိုင်သော Airbus A320 လေယာဉ်ဖြင့် ပျံသန်း ပေးသွားမည်ဖြစ်ပါသည်။

ထို့ပြင် Thai Smile Airways မှ ဗန်ကောက်-ရန်ကုန်-ဗန်ကောက်လေကြောင်းခရီးစဉ်ကို ရက်သတ္တပတ်လျှင် ၁၄ ခေါက်ပျံသန်းခဲ့ပြီး ယခုအခါ ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းအနေဖြင့် ထိုခရီးစဉ်အတိုင်း ပျံသန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၂)

 

  • မြန်မာ-ထိုင်းနှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်ဝန်ဆောင်မှုကဏ္ဍ တိုးချဲ့ဆောင်ရွက်သည့်အနေဖြင့် ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ ခရီးသည် ဦးရေ ၁၇၀ ခန့်အထိ သယ်ဆောင်နိုင်သော Airbus A320 လေယာဉ်ဖြင့် ပျံသန်း ပေးသွားမည်ဖြစ်ပြီး ဗန်ကောက်-ရန်ကုန်-ဗန်ကောက် လေကြောင်းခရီးစဉ်ကို လည်း ရက်သတ္တပတ်လျှင် ၁၄ ခေါက်ပျံသန်းနိုင်မည်ဖြစ်။

Add new comment