ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်

          နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေးကိုမာဆစ်နှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်-

  • အစည်းအဝေးတွင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်းစီမံကိန်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုနှင့်အလားအလာများကို ပြန်လည်သုံးသပ်ကြပြီး မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ၌ ဦးဆောင်နိုင်ငံထားရှိမည့်စနစ်ကို အကောင်အထည်ဖော်သွားရေးနှင့် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကောင်စီထူထောင်သွားရေးတို့ကို သဘောတူညီခဲ့။

  • မြန်မာနိုင်ငံသည် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု၏အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု၏ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆက် လက်ဆောင်ရွက်ကြမည်ဖြစ်။

အစည်းအဝေးသို့ မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရ၏ အကြီးတန်းအကြံပေး ဒေါက်တာ ဆုတ်ခ်စီဖားနား၊ ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်းတို့က တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဗွီသန်းစွန်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၇-၇-၂၀၂၃)

 

  • အစည်းအဝေးတွင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်းစီမံကိန်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုနှင့် အလားအလာများကို ပြန်လည်သုံးသပ်ခဲ့။
  • မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ၌ ဦးဆောင်နိုင်ငံထားရှိမည့်စနစ်ကို အကောင်အထည်ဖော်သွားရေး၊ မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကောင်စီ ထူထောင်သွားရေးတို့ကို သဘောတူညီခဲ့။

Add new comment