ရှမ်းပြည်နယ် ပင်လောင်းနှင့် တန့်ယန်းမြို့နယ်တို့တွင် ဘိန်းခင်းများဖျက်ဆီး

လူသားမျိုးနွယ်အားလုံးကို ခြိမ်းခြောက်နေသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဘိန်းစိုက်ပျိုးမှုတားဆီးနှိမ်နင်းရေးကိစ္စရပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် အလေးထားဆောင်ရွက်လျက်ရှိပါသည်၊၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် ဇန်နဝါရီလအတွင်း ဘိန်းစိုက်ခင်းဖျက်ဆီး ခဲ့မှုများမှာ-

  • ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု ဉာဏ်ပင်ကျေး ရွာ၏ ပတ်ဝန်းကျင်တွင် သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၅၅ ဧကနှင့်  မြေတိုင်းကျေးရွာ၏ ပတ်ဝန်းကျင်တွင်  ဘိန်းစိုက်ခင်း စုစုပေါင်း ၂၇  ဧက ၊၊
  • တန့်ယန်းမြို့နယ်၊ နောင်မို (အပေါ်)ရွာ၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဘိန်း စိုက်ခင်း ၁၁ ဧကခန့်တို့အား ဖျက်ဆီးခဲ့ပါသည်၊၊

၂၀၂၁ ခုနှစ် မှ ၂၀၂၂ ခုနှစ် ဘိန်းစိုက်ရာသီကာလအတွင်း ၂၀၂၁ နိုဝင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၂၂ ရက်ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၃၅ ဧက၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၂၈၃၂.၃ ဧက၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ၁၀၉.၁၉ ဧကနှင့် မကွေးတိုင်းဒေသကြီးတွင် ၃၆ ဧက ဘိန်းစိုက်ခင်း စုစုပေါင်း ၃၀၁၂.၄၉ ဧကခန့်ကို ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရပါသည်၊၊

  • ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ မြေတိုင်းကျေး ရွာနှင့် ဉာဏ်ပင်ကျေးရွာတို့တွင် ဘိန်းစိုက်ခင်း ၈၂ ဧက ဖျက်ဆီးခဲ့၊၊
  • တန့်ယန်းမြို့နယ်၊ နောင်မိုရွာ၌ ဘိန်းစိုက်ခင်း ၁၁ ဧက ဖျက်ဆီးခဲ့၊၊
  • ၂၀၂၁ ခုနှစ် မှ ၂၀၂၂ ခုနှစ် ဘိန်းစိုက်ရာသီကာလအတွင်း ၂၀၂၁ နိုဝင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၂၂ ရက်ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၃၅ ဧက၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၂၈၃၂.၃ ဧက၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ၁၀၉.၁၉ ဧကနှင့် မကွေးတိုင်းဒေသကြီးတွင် ၃၆ ဧက ဘိန်းစိုက်ခင်း စုစုပေါင်း ၃၁၂.၄၉ ဧက ဖျက်ဆီးခဲ့၊၊

Add new comment