ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဇန်နဝါရီလ ၁၀ ရက်တွင် ကျရောက်သော (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်မှာ-
- ကချင်ပြည်နယ်တွင် ဂျိန်းဖော၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါးစသည့် ကချင်မျိုးနွယ်စုများနှင့်အတူ တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေစသည့်ရှမ်းမျိုးနွယ်စုများနှင့် ဗမာတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားမျိုးနွယ်စုများ အပါအဝင် လူဦးရေစုစုပေါင်း(၁၇)သိန်းကျော် အတူတကွချစ်ကြည်ရင်း နှီးစွာဖြင့် စုပေါင်းနေထိုင်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်။
- ကချင်ပြည်နယ်သည် သဘာဝကဖန်တီးပေးထားသည့် သယံဇာတအခြေခံကောင်းများစွာ ရှိပြီးဖြစ်ရာ ၎င်းသဘာဝအလှတရားများနှင့် သယံဇာတထွက်ကုန်များကို အခြေပြု၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ပါက ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိကြောင်း။
- ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ပြည့်ဝစေရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့်လက်တွဲပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်။
- အမျိုးသားရေးရည်မှန်းချက်များနှင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်းတိုင်းရင်းသားများ၏ အသိဉာဏ်ပညာပြည့်စုံမှုများဖြင့် ဆောင်ရွက်နိုင်ရန်အရေးကြီးသဖြင့် ပညာရေးမြှင့်တင်မှုကို အထူးအားပေးစေလို။
- နိုင်ငံတော်က ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ။
- ကချင်ပြည်နယ်အနေဖြင့် ရှိပြီးဖြစ်သော သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းပြီး စနစ်တကျဖြင့် ကုန်ချောအဖြစ် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည်ဆိုပါက ပြည်နယ်အတွင်း လိုအပ်ချက်ကို ဖူလုံစေမည့်အပြင် ပြည်တွင်းလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင် မည်ဖြစ်။
- ထို့ပြင်နယ်စပ်ဒေသလည်းဖြစ်၍ ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက ဒေသခံများ၏ လူမှုစီးပွားဘဝအဆင်ပြေတိုးတက်မည့်အပြင် နိုင်ငံအတွက်ဝင်ငွေလည်း တိုးတက်လာနိုင်မည်ဖြစ်။
- နိုင်ငံတော်အစိုးရသည် တပ်မတော်အပါအဝင် တိုင်းရင်းသားပြည်သူများနှင့်အတူ ပူးပေါင်းပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ကိုအရင်းတည်ကာ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားနိုင်ငံရေးတာဝန်များအဖြစ် ထာဝစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွား မည် ဖြစ်။
- မိမိတို့ပြည်သူအားလုံး မျှော်မှန်းတောင့်တသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်။
- မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံး စည်းလုံး ညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီဆောင်ရွက်သွားကြရန် တိုက်တွန်းလို။
- လွတ်လပ်ရေးရပြီးချိန်ကတည်းကစပြီး ယခုအချိန်ထိ ကချင်ပြည်နယ်အပါအဝင် အထူးသဖြင့်နယ်စပ်ဒေသ၊ တိုင်းရင်းသားများနေထိုင်ရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုမရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ လွတ်လပ်ရေး၏အရသာကို အပြည့်အဝ မခံစားရသေးဘဲ လူမှုဒုက္ခများကို ရင်ဆိုင်နေကြရဆဲဖြစ်။
ထိုကဲ့သို့သော အဖြစ်ဆိုးကို မိမိတို့၏လက်ထက်တွင် ချုပ်ငြိမ်းစေပြီး ထာဝရငြိမ်းချမ်းရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို တည်ဆောက်ပြီး အနာဂတ်အတွက် ကောင်းမွန်သည့်အမွေကို လွှဲပြောင်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း အသိပေး တိုက်တွန်းမှာကြား လိုကြောင်းဖြင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁-၂၀၂၄)
- နိုင်ငံတော်က ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ။
- နိုင်ငံတော်အစိုးရသည် တပ်မတော်အပါအဝင် တိုင်းရင်းသားပြည်သူများနှင့်အတူ ပူးပေါင်းပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ကိုအရင်းတည်ကာ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားနိုင်ငံရေးတာဝန်များအဖြစ် ထာဝစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွား မည်ဖြစ်။
- မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်။
- လွတ်လပ်ရေးရပြီးချိန်ကတည်းကစပြီး ယခုအချိန်ထိ ကချင်ပြည်နယ်အပါအဝင် အထူးသဖြင့် နယ်စပ်ဒေသ၊ တိုင်းရင်းသားများနေထိုင်ရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုမရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ လွတ်လပ်ရေး၏အရသာကို အပြည့်အဝမခံစားရသေးဘဲ လူမှုဒုက္ခများကို ရင်ဆိုင်နေကြရဆဲဖြစ်။
- ထိုကဲ့သို့သောအဖြစ်ဆိုးကို မိမိတို့၏လက်ထက်တွင် ချုပ်ငြိမ်းစေပြီး ထာဝရငြိမ်းချမ်းရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို တည်ဆောက်ပြီး အနာဂတ်အတွက် ကောင်းမွန်သည့်အမွေကို လွှဲပြောင်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်။
Add new comment