နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

       ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်အသီးသီးမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင်-

  • အားကစားသည် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေရုံသာမက ဗလငါးတန်ဖွံ့ဖြိုးမှု၏ အခြေခံမျိုးစေ့လည်းဖြစ်ကြောင်း။
  • အားကစားနှင့် ပညာရေးကို ပေါင်းစပ်ပေးခြင်းသည် တက္ကသိုလ်ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
  • ပညာရေးဝန်ကြီးဌာနအနေဖြင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးနှင့် အားကစားပေါင်းစပ်သင်ယူနိုင်သည့် အခွင့် အလမ်းများကို တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိကြောင်း။
  • အခြေခံပညာကဏ္ဍတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကာယဆရာ၊ ဆရာမများအတွက် သင်တန်းများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း။
  • အဆင့်မြင့်ပညာကဏ္ဍတွင်လည်း ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် B.Sc(Sports)ဘွဲ့ သင်တန်းကို ဖွင့်လှစ်ပေးထားပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းသင်ကြားပို့ချပေးလျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ ကာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ Exercise Dance ၊ Physical Fitness Dance ၊ ပန်းဖွားအကနှင့် ကရင်ဒုံးယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁-၂၀၂၄)

 

  • အားကစားနှင့် ပညာရေးကို ပေါင်းစပ်ပေးခြင်းသည် တက္ကသိုလ်ကျောင်းသားလူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုနိုင်မည်ဖြစ်။
  • ပညာရေးဝန်ကြီးဌာနအနေဖြင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးနှင့် အားကစားပေါင်းစပ်သင်ယူနိုင်သည့် အခွင့် အလမ်းများကို တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိ။

Add new comment