စစ်ရေးနှင့်မသက်ဆိုင်သည့် ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများ ဖျက်ဆီးခံရမှုများအပေါ် ရဟန်းရှင်လူပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိ

         ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏‌ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသည့် စေတီတစ်ဆူအား MNDAA သောင်းကျန်းသူများက သံတူဖြင့် ထု၍ ဖြိုချဖျက်ဆီးနေသည့် ဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များ လူမှုကွန်ယက်စာမျက်နှာများပေါ်၌ ပျံ့နှံ့လျက်ရှိရာ စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိရပါသည်။

MNDAA သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံမြို့နယ်များအတွင်း တိုက်ပွဲများဖော်ဆောင်၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိရာမှ တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသတစ်လျှောက်ရှိ စစ်ရေးနှင့် မသက်ဆိုင်သော ဘုရား စေတီများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးလျက်ရှိပါသည်။

အဆိုပါသောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များသည် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူပြည်သူများအနေဖြင့် ၎င်းတို့၏လုပ်ရပ်များအပေါ် လုံးဝလက်မခံနိုင်သဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁-၂၀၂၄)

 

  • MNDAA သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံမြို့နယ်များအတွင်း တိုက်ပွဲများဖော်ဆောင်၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိရာမှ တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသတစ်လျှောက်ရှိ စစ်ရေးနှင့် မသက်ဆိုင် သော ဘုရားစေတီများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးလျက်ရှိ။
  • သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များသည် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များအပေါ် လုံးဝလက်မခံနိုင်သဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလျက်ရှိ။

Add new comment