တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်း အမှန်မှာ အဆိုပါရွာအတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်းသိရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများက ၎င်းတို့နေထိုင်လျက်ရှိသည့်တဲများကို မီးရှို့ထွက်ပြေးခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ မြေလတ်အသံမှ တင်ထားသော ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ရှိ အရပ်သားများအား တပ်မတော်က စစ်မှုထမ်းရန် အင်အားများ တောင်းခံနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး တပ်မတော်အနေဖြင့် ဒေသခံ ပြည်သူများအား အတင်းအဓမ္မ စစ်မှုထမ်းဆောင်ခိုင်းခြင်းမရှိကြောင်း သိရှိရ။
PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁-၂၀၂၄)
- လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများက ၎င်းတို့နေထိုင်လျက်ရှိသည့် တဲများကို မီးရှို့ထွက်ပြေးခဲ့။
- နတ်တလင်းမြို့နယ်ရှိ အရပ်သားများအား တပ်မတော်က စစ်မှုထမ်းရန် အင်အားများ တောင်းခံနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး တပ်မတော်အနေဖြင့် ဒေသခံပြည်သူများအား အတင်းအဓမ္မ စစ်မှုထမ်းဆောင်ခိုင်းခြင်းမရှိ။
Add new comment