ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသည့် မြို့နယ်ကိုးမြို့နယ် အောင်မြင်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်  ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသည့် မြို့နယ် (၉) မြို့နယ် အောင်မြင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

 အခမ်းအနား၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက-

  • ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသား ဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင် ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ရေးဆွဲ ဆောင် ရွက်ခဲ့ပါကြောင်း၊၊
  • ပန်းခင်းစီမံချက်ကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် ပမာဏကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လျာထားသတ် မှတ်ထားရာ လျာထားသတ်မှတ်ချက် ပြည့်မီပြီးစီးအောင် အားလုံးကဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊၊
  • ယခုအခါ လုပ်ငန်းကာလ (၉) လကြာပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် မြို့နယ် (၄၅)မြို့နယ်အနက် ယခုအခါ မြို့နယ်(၉) မြို့နယ်သည် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည့်အတွက် ယခုကဲ့သို့ အောင်မြင်ခြင်း အခမ်းအနားကျင်းပကာ ဂုဏ်ပြုရခြင်းဖြစ်ကြောင်း၊၊

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်သည့် ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဒဂုံ၊ ဆိပ်ကြီးခနောင်တိုနှင့် ကိုကိုးကျွန်းစသည့် မြို့နယ် (၉) မြို့နယ်မှ တာဝန်ရှိသူများကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အထိမ်းအမှတ်ပစ္စည်းများကို ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသူများ၏ ကိုယ်ရေးအချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းနေမှု၊ နေပြည်တော်(ရုံးချုပ်)မှ ပေးပို့သည့် အချက်အလက်များနှင့် တိုက်ဆိုင်၍ e-ID စနစ် အကောင်အထည် ဖော်ရာတွင် ချိတ်ဆက်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

  • ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံ သားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲ ပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊၊
  • ယခုအခါ လုပ်ငန်းကာလ (၉) လကြာပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် မြို့နယ် (၄၅)မြို့နယ်အနက် ယခုအခါ မြို့နယ်(၉) မြို့နယ်သည် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် ယခုကဲ့သို့ အောင်မြင်ခြင်း အခမ်းအနားကျင်းပကာ ဂုဏ်ပြုရခြင်းဖြစ်၊၊

 

Add new comment