မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချက်

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၉ ရက်တွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong အား လက်ခံတွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆွေးနွေးနိုင်ခဲ့သည့်အခြေအနေများ။
  • တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အခိုင်အမာထောက်ခံအားပေးလျက်ရှိပြီး ပဋိပက္ခဖြစ်ပွားအောင် လှုံ့ဆော်နေသည့် မည်သည့်အဖွဲ့အစည်းမျှ ထောက်ခံ မည်မဟုတ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး၏အကျိုးစီးပွားအတွက်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်စေရမည် ဖြစ်ကြောင်းနှင့် မြေပြင်အခြေအနေတင်းမာမှုများ ပြေလျော့ပြီးနောက် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အစပျိုးရန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေများ ပြန်လည်တည်ငြိမ်စေရန် ပူးပေါင်းဆောင်ရွက်မည်ဟူ၍ ပြောကြားခဲ့ကြောင်း။
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဝင်ရောက်ကူညီဆောင်ရွက်ပေးခြင်းအား မြန်မာနိုင်ငံက အမြဲတမ်း ကျေးဇူးတင်ရှိသလို မြန်မာနိုင်ငံအနေဖြင့်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်နှင့် အညီ လိုက်နာကျင့်သုံးပြီး တရုတ်နိုင်ငံသမ္မတကြီးရှီကျင်းဖျင်၏ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ လုံခြုံရေးအစီအမံ၊ လူသားယဉ်ကျေးမှုအစီအမံအကောင်အထည်ဖော်ခြင်းများကို ထုတ်ပြန်ပြီးမကြာမီ ဦးစွာထောက်ခံမှုပြုခဲ့သည့်နိုင်ငံဖြစ်ကြောင်း။
  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း(ဆင်ဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူအား MNDAA အကြမ်းဖက် သောင်းကျန်းသူ များက ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအားလုံးကို လှောင်ပြောင်စော်ကားခြင်းနေခြင်းဖြစ်သည့်အတွက် မန္တလေးမြို့ပေါ်ရှိ ရဟန်းရှင်လူပြည်သူများက ပြင်းထန်စွာဆန္ဒပြကန့်ကွက်ရှုံ့ချနေမှုအခြေအနေများ။
  • အကြမ်းဖက်သောင်းကျန်းသူများ၏ အတင်းအဓမ္မလူသစ်စုဆောင်းနေမှုများနှင့်ပတ်သက်၍ ၎င်းတို့လွှမ်းမိုးထားသောနယ်မြေများအတွင်း၌ ၁၀ နှစ်အရွယ် ကလေးငယ်များအား ယောက်ျားလေးဖြစ်ပါက တိုက်ခိုက်ရေးတပ်ထဲသို့လည်းကောင်း၊ မိန်းကလေးဖြစ် ပါက အထောက်အကူပြုတပ်ဖွဲ့ဖြစ်သည့် Drone တပ်ဖွဲ့ ထဲသို့လည်းကောင်း အတင်းအဓမ္မလူသစ်စုဆောင်းလျက်ရှိပြီး ပြည်ဖျက်မီဒီယာများက ဖြစ်စဉ်အမှန်များအား ဖုံးဖိဆောင်ရွက်နေသည့်အခြေအနေများ။
  • မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှု ကျားဖျန့်ကိစ္စများနှင့်ပတ်သက်၍ KNU မှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗြောင်လိမ်ဗြောင်စား ကြေညာချက်ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ မြဝတီမြို့တောင်ဘက်တွင် အွန်လိုင်းလောင်း ကစားမှု၊ လူမှောင်ခိုကူးမှုတို့ဖြင့် နာမည်ကြီးနေသော ကေကေပတ်ဆိုသည့်နေရာသည် KNU နှင့် ကုမ္ပဏီတစ်ခု လက်မှတ်ရေးထိုးထားသည့် နေရာတစ်ခုသာဖြစ်ကြောင်း။
  • MNDAA၊ TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ တရုတ်ဘာသာဖြင့် အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာများတွင် နယ်မြေလွတ်မြောက်ရေးနှင့် ကျားဖျန့်တိုက်ဖျက်ရေးဆိုသည့်စကားလုံးများ သုံးနှုန်းရေးသားနေသော်လည်း ဒေသခံတိုင်းရင်းပြည်သူ များက ကျားဖျန့်ကိုအကြောင်းပြ၍ လိမ်လည်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နယ်မြေသည် အရင်ကတည်းက လွတ်မြောက်နယ်မြေဖြစ်ပြီး  MNDAA၊ TNLA သောင်းကျန်းသူများကြောင့်သာ မိမိတို့စီးပွားရေး၊ လူမှုရေးပျက်စီးခဲ့ရကြောင်းနှင့် မိမိတို့သည် မြန်မာ ပြည်သူနှင့် တစ်သွေးတစ်သားတည်း ဖြစ်ကြောင်းစသည့် အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်သည့်စာသားများ ဝင်ရောက်ရေးသားထားရှိမှု အခြေအနေများ။
  • တပ်မတော်အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားပြည်သူများ၊ မိသားစုဝင်များ လုံခြုံရေးအတွက် ဦးစားပေး၍ လုပ်ဆောင်သင့်/လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ အချိန်အခါကိုက်ပြီး ပြည်ဖျက်မီဒီယာများနှင့် အဖွဲ့ အစည်းအမျိုးမျိုးက တပ်မတော်ကို သွေးခွဲလှုံ့ဆော်နေမှုများ လုပ်ဆောင်လျက်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မြန်မာအချင်းချင်း မညီညွတ်မှုကို အကြောင်းပြုပြီး သပ်လျှိုသွေးခွဲမှုမျိုးစုံကို လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့သွေးကွဲမှုများကြောင့် ယနေ့အချိန် တွင် တစ်မျိုးသားလုံးတန်ဖိုးထားရသည့် ဘာသာတရားကို တိုက်ရိုက်ထိပါးစော်ကားသည့် အပြုအမူမျိုးအထိ လုပ်ဆောင်လာခဲ့ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံရေးပါတီဝင်များနှင့်တွေ့ဆုံစဉ် ပြည်သူလူထု လုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်များကို တိုးမြှင့်ဆောင်ရွက်သွားမည့်ဖြစ်ကြောင်းနှင့် ပြည်သူလူထု အနေဖြင့် ပြည်သူ့လုံခြုံရေးစနစ်၊ ကာကွယ်ရေးစနစ်များတွင် မိမိတို့တတ်စွမ်းသမျှပါဝင်ခြင်းဖြင့် နိုင်ငံတော်၊ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်နှင့် မိမိတို့တန်ဖိုးထားရသည့် ဘာသာတရားကို ကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁-၂၀၂၄)

 

  • ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း(ဆင်ဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူအား MNDAA အကြမ်းဖက် သောင်းကျန်း သူများက ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ အများပြည်သူမှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချနေမှုအခြေအနေများ။
  • မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ KNU မှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗြောင်လိမ်ဗြောင်စား ကြေညာချက်ထုတ်ပြန်ခဲ့မှုအခြေအနေများ။
  • အကြမ်းဖက်သောင်းကျန်းသူများ၏ တရုတ်ဘာသာဖြင့် အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ဒေသခံတိုင်းရင်းပြည်သူများမှ သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဝင်ရောက်ရေးသားကန့်ကွက်မှုအခြေအနေများ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံရေးပါတီဝင်များ နှင့်တွေ့ဆုံစဉ် ပြည်သူလူထုလုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်များကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေ များ။
vidos: 

Add new comment