ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာနှစ်စောင် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကို ဇန်နဝါရီလ ၉ ရက်တွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
လက်မှတ်ရေးထိုးပွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ ကြပြီး အပြန်အလှန် လဲလှယ်ခဲ့ပါသည်။
- အဆိုပါနားလည်မှုစာချွန်လွှာများအရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်ရှိ တိုက်ရံကျေးရွာအနီး ကုန်းမြင့်လယ်ယာဘက်စုံသုံးခန်းမ (၆၀ x၃၀ x၁၂) ပေ Steel Structure တစ်ထပ် တည်ဆောက်ခြင်း၊ လဟယ် - နန်းယွန်း ၃ မိုင် ၆ ဖာလုံလမ်းခွဲမှ လောင်ကျန်း နောက်ကုန်း-တိုက်ရံ-လန်ထိန်လမ်းခွဲကြား ပေ ၂၀ နှစ်လွှာ တစ်ထပ်ဘေလီတံတား ၁ စင်းနှင့် (၅ x ၅ x ၂၆) ပေ Box Culvert ၄ စင်း တည်ဆောက်ခြင်းစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။
Quick Impact Projects (QIP) သည် စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရမှ ပံ့ပိုးကူညီပေး ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁-၂၀၂၄)
- မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာနှစ်စောင် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
- အဆိုပါနားလည်မှုစာချွန်လွှာများအရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်ရှိ တိုက်ရံကျေးရွာအနီး ကုန်းမြင့်လယ်ယာဘက်စုံသုံးခန်းမ (၆၀ x၃၀ x၁၂) ပေ Steel Structure တစ်ထပ်တည်ဆောက်ခြင်း၊ လဟယ်-နန်းယွန်း ၃ မိုင် ၆ ဖာလုံ လမ်းခွဲမှ လောင်ကျန်း နောက်ကုန်း-တိုက်ရံ-လန်ထိန်လမ်းခွဲကြား ပေ ၂၀ နှစ်လွှာ တစ်ထပ်ဘေလီတံတား ၁ စင်းနှင့် (၅ x ၅ x ၂၆) ပေ Box Culvert ၄ စင်း တည်ဆောက်ခြင်းစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။
Add new comment