၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများ

          ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အောက်ပါအတိုင်းဖမ်းဆီးရမိခဲ့ပါသည်-

  • ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၈၁.၃၆ ကီလို၊ ဘိန်းဖြူ ၂၆၄.၇၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၄၄၃,၃၉၈ ပြား၊ စိတ်ကြွရူးသွပ် ဆေးပြားအကြေ ၃၆၃.၈၁ကီလို၊ အိုက်စ် ၂,၂၆၅.၈၁ကီလို၊ ဆေးခြောက်၄၁.၀၄ ကီလို၊ ဘိန်းဆီခဲ ၃၇.၆၅ ကီလို၊ ဘိန်းစာရွက် ၂၆၇.၉၄ကီလို၊ ဘိန်းစာမှုန့် ၂၈၄.၉၂ ကီလို၊ ဘိန်းစာရည် ၀.၇၅ လီတာ၊ အက်တက်စီဆေးပြား ၈,၀၆၁ ပြား၊ ကတ်တမင်း ၀.၅၂ ကီလို၊ Happy-5 ၄,၆၀၄ ပြား၊ Happy Water ၄၀.၀၈ ကီလို၊ Caffeine ၄,၀၀၀ ကီလို၊ Sodium Acetate  ၆,၂၅၀ ကီလို၊ Methyl Mercapta ၄၃,၂၀၀ လီတာ၊ Dichloromethane ၁၃,၂၀၀ လီတာ၊ Bromine ၈,၀၄၀ ကီလို၊ ဆေးပြား(ရိုက်စက်) ၂ လုံးနှင့် ဆေးပြား (မိုလ်) ၁၀၃ ချောင်း စုစုပေါင်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၁၄၃,၄၉၈.၆၇ (US$ 68.332 သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၅၄၄ ဦး၊ အမျိုးသမီး ၉၀ ဦး၊ စုစုပေါင်းတရားခံ ၆၃၄ ဦးဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁-၂၀၂၄)

 

  • ဒီဇင်ဘာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၄၃,၄၉၈.၆၇ (US$ ၆၈.၃၃၂ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၅၄၄ ဦး၊ အမျိုးသမီး ၉၀ ဦး၊ စုစုပေါင်းတရားခံ ၆၃၄ ဦးအား ဖမ်းဆီးရမိခဲ့။

Add new comment