၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် -
- လေဆိပ်သွားလမ်း၊ ပြည်ထောင်စုလမ်းမဘေး၌ မြစ်ကြီးနားမြို့အား ပန်းမြို့တော်စီမံကိန်းအရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် Welcome to Myitkyina (LED) ဆိုင်းဘုတ်နှင့် မေခပန်းဥယျာဉ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့။
- မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း လမ်းအရှည် (၁၀၁၃) ပေအား အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည့် ဒူဝါဇော်ရစ်လမ်းအဆင့်မြှင့်နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲနှင့် အဆိုပါရပ်ကွက် စက်မှုဇုံအတွင်း ဆောင်ရွက်ခဲ့သည့် ပရိယတ္တိစာသင်တိုက်သွားလမ်း အရှည်ပေ (၁၄၀၀) ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့။
- မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ပထမ(၁)နှစ်ပြည့် မတည်ထောက်ပံ့ငွေ အရင်းနှင့် အတိုး ပြန်လည် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့။
- မြစ်ကြီးနားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် ပြည်နယ်ကာကွယ်ဆေးသိုလှောင်အအေးခန်း(မြစ်ကြီးနား)ရှိ သုံးထပ်ဆောင်အဆောက်အဦ(အသစ်)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ပထမ(၁)နှစ်ပြည့် မတည်ထောက်ပံ့ငွေ အရင်းနှင့် အတိုး ပြန်လည်ပေးအပ်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လိုအပ်သည် များမှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဌာန(၄)ခုမှ လုပ်ငန်းအလိုက် ထုတ်ချေးဆောင်ရွက်ခဲ့သည့် မတည်ထောက်ပံ့အရင်းနှင့် (၁) နှစ်စာရရှိသည့် အတိုးတို့အား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးထံ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မလိခပန်းခြံနှင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုး မွေးမြူရေးလုပ်ငန်းမှ ပထမ (၁) နှစ်ပြည့် မတည်ထောက်ပံ့ငွေ အရင်းနှင့် အတိုးပေးအပ်ပွဲသို့ တက်ရောက်ခဲ့။
Add new comment