နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ် စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ၂၃-၁၂-၂၀၂၃ မှ ၂၉-၁၂-၂၀၂၃ ရက်နေ့အထိ ရက်သတ္တပတ်တွင်-
- လယ်ယာထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၈၀.၉၄၃ သန်း၊
- တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၀.၁၈၆ သန်း၊
- ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀.၃၁၄ သန်း၊
- သတ္ထုတွင်းထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀.၃၇၀ သန်း၊
- သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၀.၆၈၅ သန်း၊
- စက်မှုကုန်ချောပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၆၃.၃၈၃ သန်း၊
- အခြားပစ္စည်းများတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂.၅၉၂ သန်း ရရှိခဲ့ရာ
ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၈ သန်းကျော်ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၉ ရက်အထိ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၁,၀၁၉,၁၂၅ ဒသမ ၄၇၆ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၁၃၅,၈၃၈ ဒသမ ၃၉၈ တန် စုစုပေါင်း ၁,၁၅၄,၉၆၃ ဒသမ ၈၇၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၇၈ ဒသမ ၄၂၃ သန်း ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ကိုးလတာကာလအတွင်း ရေထွက်ကုန်မက်ထရစ်တန်ချိန် ၃၄၅,၄၃၈ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၁၀၉ သန်းရရှိခဲ့။
- ၂၀၂၃ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ မြန်မာ့ပြောင်းတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၇ သိန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၁ ဒသမ ၂ သန်း ကျော်တင်ပို့နိုင်ခဲ့။
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဇန်နဝါရီလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘော ၄၉ စင်း ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှု ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁-၂၀၂၄)
- ၂၃-၁၂-၂၀၂၃ မှ ၂၉-၁၂-၂၀၂၃ ရက်နေ့အထိ ရက်သတ္တပတ်တွင် ပြည်ပပို့ကုန် တင်ပို့မှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၈ သန်းကျော်ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၉ ရက်အထိ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်း ၁,၁၅၄,၉၆၃ ဒသမ ၈၇၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၇၈ ဒသမ ၄၂၃ သန်း ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ကိုးလတာကာလအတွင်း ရေထွက်ကုန်မက်ထရစ်တန်ချိန် ၃၄၅,၄၃၈ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၁၀၉ သန်းရရှိခဲ့။
- ၂၀၂၃ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ မြန်မာ့ပြောင်းတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၇ သိန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့နိုင်ခဲ့။
- ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဇန်နဝါရီလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘော ၄၉ စင်း ဝင်ရောက် ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်မည်ဖြစ်။
Add new comment