ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

       တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ-

  • ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်မြို့နယ်၊ ခရမ်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ဒလမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၈ ဦးတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းအပ်နှံခဲ့။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအား ပြန်လည်လက်ခံကြိုဆို၍ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီလ ၈ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၆၃ ဦးနှင့် အမျိုးသမီး ၁၅၆ ဦး၊ စုစုပေါင်း ၇၁၉ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၉-၁-၂၀၂၄)

 

  • ထန်းတပင်မြို့နယ်၊ ခရမ်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ဒလမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ဦးနှင့် အမျိုးသမီး ဦး၊ စုစုပေါင်း ဦး အလင်းဝင်ရောက်ခဲ့။
  • ဇန်နဝါရီလ ၈ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၆၃ ဦးနှင့် အမျိုးသမီး ၁၅၆ ဦး၊ စုစုပေါင်း ၇၁၉ ဦးရှိပြီဖြစ်။

Add new comment