စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ပင်စည်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမား၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် လူနာများအား ဆေးကုသရန်အတွက် ဇန်နဝါရီလ ၂၁ ရက်တွင် ဒီပဲယင်းမြို့မှ မန္တလေးမြို့သို့ ဦးစိုးသူ မောင်းနှင်သည့် ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ကြက်ခတ်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ဦးစိုးသူနှင့် ယာဉ်နောက်လိုက် ၂ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန် နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။

CRPH၊ NUG၊ PDF အကြမ်းဖက်အဖွဲ့များသည် ငါနှင့်မတူ ငါ့ရန်သူဟု သတ်မှတ်ပြီး ၎င်းတို့ကိုမထောက်ခံသည့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိပါသည်၊၊ ယခုဖြစ်စဉ်တွင် PDF အကြမ်းဖက်အဖွဲ့များ၏ အစွန်းရောက်အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက် အန္တရာယ်ထိခိုက်သေကြေနိုင်သည်အထိ အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်မှုများသည် အေးချမ်းစွာနေထိုင်လိုသော ပြည်သူကို အကြောက်တရားဖြင့်လွှမ်းမိုးရန်နှင့် တရားဥပဒေစိုးမိုးမှုပျက်ပြားအောင် ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးနိုင်ပြီး ပြင်းထန်စွာအရေးယူဆောင်ရွက်နိုင်ရန် ပြည်သူ များက လိုလားလျက်ရှိပါသည်၊၊

ထိုကဲ့သို့ ခရီးသည်တင်ယာဉ်အား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်အဖွဲ့များအား ဖော်ထုတ်အရေးယူနိုင်ရေး နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ လူနာများသယ်ဆောင်လာသည့် ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF  အကြမ်းဖက်အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲမှုကြောင့် ယာဉ်မောင်း ဦးစိုးသူနှင့် ယာဉ်နောက်လိုက် ၂ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၊၊
  • ခရီးသည်တင်ယာဉ်အား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်အဖွဲ့များအား ဖော်ထုတ်အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိ၊၊

Add new comment