တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော တန့်ဆည်မြို့နယ်၊ စိန်နန်းကျေးရွာအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာ အတွင်းသို့ PDF အကြမ်းဖက်သမားများက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Ayeyarwaddy Times မှ တင်ထားသော ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးအနီးရှိ ကျေးရွာများကို တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သဖြင့် ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့ဟူသည့် သတင်းများသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ မဟာမုနိဘုရားကြီးအနီးနှင့် ဝန်းကျင်ကျေးရွာများအတွင်း AA သောင်းကျန်းသူများက လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Ayeyarwaddy Times မှ တင်ထားသော ပေါင်းတည်မြို့တွင် တပ်မတော်မှ နေအိမ်အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအတုသာဖြစ်ပြီး အဆိုပါမြို့အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေး ဆောင် ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် PDF အကြမ်းဖက်သမားများက အဆိုပါကျေးရွာရှိ နေအိမ်များအား မီးရှို့ထွက်ပြေးခဲ့ရာ နေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာKhit Thit မှ တင်ထားသော ညောင်လေးပင်မြို့၊ ရေဖြူကန်ကျေးရွာသို့ တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်ပြီး သတင်းအမှန်မှာ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အဆိုပါကျေးရွာအတွင်း Drone များ အသုံးပြု၍ ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁-၂၀၂၄)

 

  • တန့်ဆည်မြို့နယ်၊ စိန်နန်းကျေးရွာအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်။
  • ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးအနီးရှိ ကျေးရွာများကို တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်းများသည် သတင်းအမှားဖြစ်။
  • ပေါင်းတည်မြို့တွင် တပ်မတော်မှ နေအိမ်အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ဟူသည့် သတင်းသည် သတင်းအတုသာဖြစ်။
  • ညောင်လေးပင်မြို့၊ ရေဖြူကန်ကျေးရွာသို့ တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်။

Add new comment