နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၄ ရက်တွင် စည်သူဘွဲ့ ၂ ဦး၊ သူရဘွဲ့ ၂ ဦး၊ သီရိပျံချီဘွဲ့ ၅ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၃ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၉၆ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၅ ဦး၊ သိပ္ပကျော်စွာဘွဲ့ ၂ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၉ ဦး၊ ရဲသူရတံဆိပ် ၄ ဦး၊ ရဲဗလတံဆိပ် ၁၄၀ ဦး၊ ရဲသူရိန်တံဆိပ် ၁ ဦး၊ ရဲကျော်သူတံဆိပ် ၂ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမအဆင့်) ၁၈ ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၃၄ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်) ၅၃ ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ၂၃ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၁၄ ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ၃၇ ဦး၊ လယ်ယာစီးပွားထူးချွန်တံဆိပ် (ဒုတိယ အဆင့်) ၁ ဦး၊ လယ်ယာစီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) ၁၈ ဦး၊ စက်မှုစီးပွား ထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၁ ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) ၈ ဦး၊ ဝန်ဆောင်မှုစီးပွားထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၁ ဦး၊ ဝန်ဆောင်မှုစီးပွား ထူးချွန်တံဆိပ် (တတိယအဆင့်) ၁၃ ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ် (ပထမအဆင့်) ၁ ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၁ ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမအဆင့်) ၅ ဦး၊ ဆေးပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၁ ဦး၊ ဆေးပညာထူးချွန်တံဆိပ် (တတိယအဆင့်) ၁ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ပထမအဆင့်) ၁ ဦး၊ နည်းပညာ ထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၂ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယအဆင့်) ၁၁ ဦး၊ အနုပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၅ ဦး၊ အနုပညာထူးချွန်တံဆိပ် (တတိယ အဆင့်) ၂ ဦး၊ စာပေပညာထူးချွန်တံဆိပ် (တတိယအဆင့်) ၂ ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်  လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ၁,၀၂၁ ဦး စုစုပေါင်း ၁၅,၄၅ ဦး တို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇန်နဝါရီလ ၄ ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ စုစုပေါင်း ၁,၅၄၅ ဦးအား ချီးမြှင့်ပေးအပ်ခဲ့။

 

 

Add new comment