တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

     တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Myanmar Now မှ တင်ထားသော ကောလင်းမြို့တွင်းသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ တပ်မတော်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်းနှင့် အဆိုပါမြို့တွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း သိ ရှိရ။
  • တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် Mizzima တို့မှတင်ထားသော ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို တပ်မတော်ဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး အဆိုပါရွာအား တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ AA သောင်းကျန်းသူများက ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်မှုပျက်ပြားစေရန် Drone ဖြင့် ကျေးရွာများသို့ မကြာ ခဏ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မုံရွာမြို့နယ်၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ ဟူသည့်သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းအတုဖြစ်ပြီး အဆိုပါကျေးရွာ များသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ခြင်းနှင့် နယ်မြေလုံခြုံရေးတာဝန် ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Western News မှ တင်ထားသော မင်းပြားနှင့် ရမ်းဗြဲမြို့ တို့တွင် တပ်မတော်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ်များနှင့် ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး ၎င်း သတင်းနှင့်ပတ်သက်၍ အဆိုပါမြို့များအား တပ်မတော်မှ လက်နက်ကြီး၊ လေယာဉ် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် တစ်ဖက်သတ်စွပ်စွဲလုပ်ကြံရေးသားသည့် သတင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော လောက်ကိုင်မှ အွန်လိုင်းတွင် ငွေလိမ်လည်သည့်အဖွဲ့ခေါင်းဆောင်များကို တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့ပေးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး နိုင်ငံတော်အစိုးရအနေ ဖြင့် အွန်လိုင်းတွင် လိမ်လည်ခြင်း၊ လောင်းကစားပြုလုပ်ခြင်း လုပ်ကိုင်နေသူများအား စိစစ်ဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသည့် ပြည်ပနိုင်ငံများမှ အွန်လိုင်းလိမ်လည်ခြင်း လုပ်ကိုင်ဆောင်ရွက်နေသူများကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့် အညီ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ DVB မှ တင်ထားသော မတ္တရာမြို့နယ်၊ တောပုရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် ကျေးရွာနေအိမ်များမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခဲ့ဟူသည့်သတင်းများသည် လုပ်ကြံသတင်းအတုများဖြစ်ပြီး အဆိုပါသတင်းများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာ၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းနှင့် သွားရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ် ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၄)

 

  • ကောလင်းမြို့တွင်းသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါမြို့တွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း သာဖြစ်။
  • ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို တပ်မတော်ဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ဦးသေဆုံးခဲ့ပြီး ဦး ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်။
  • မုံရွာမြို့နယ်၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်း အတုဖြစ်ပြီး အဆိုပါကျေးရွာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ခြင်းမရှိ။
  • မင်းပြားနှင့် ရမ်းဗြဲမြို့တို့တွင် တပ်မတော်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ်များနှင့် ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ အဆိုပါမြို့များအား တပ်မတော်မှ လက်နက်ကြီး၊ လေယာဉ် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိ။
  • လောက်ကိုင်မှ အွန်လိုင်းတွင် ငွေလိမ်လည်သည့်အဖွဲ့ခေါင်းဆောင်များကို တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့ပေးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းတွင် လိမ်လည်ခြင်း၊ လောင်းကစား ပြုလုပ်ခြင်း လုပ်ကိုင်နေသူများအား စိစစ်ဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိ။
  • မတ္တရာမြို့နယ်၊ တောပုရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ ဦးဒဏ်ရာရရှိခဲ့ပြီး ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် ကျေးရွာနေအိမ်များမှ အဖိုးတန်ပစ္စည်းများကို ယူဆောင် သွားခဲ့ ဟူသည့်သတင်းများသည် လုပ်ကြံသတင်းအတုများဖြစ်။

Add new comment