တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများ ကျင်းပပြုလုပ်

          ဇန်နဝါရီလ ၄ ရက်တွင် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ရသော (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားများ၊ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများအား မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့သည့်အပြင် တန်ခိုးကြီးဘုရားစေတီများ၊ ပန်းခြံများ၊ အများနှင့်သက်ဆိုင်သော နေရာများ၌ ဘုရားဖူးမြော်သူများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် အခြားမြို့ကြီးများ၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုမီးအလှများ ထွန်းညှိခြင်းများ ဆောင်ရွက်ကြရာ လာရောက်ကြည့်ရှုသူ မိဘပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၄)

 

  • (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားများ၊ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများအား မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့။

Add new comment