ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တရားခံများအား ဖမ်းဆီးရမိ

NUG အကြမ်းဖက်အဖွဲ့မှ PDF အကြမ်းဖက်အဖွဲ့ ဖွဲ့စည်း၍ တောင်ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့အား လွင်ကိုလတ်က တာဝန်ခံအဖြစ်ဆောင်ရွက်ကာ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန်အတွက် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လွင်ကိုလတ်၏ စေခိုင်းချက်အရ တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်သည် STF အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့တို့၏ တာဝန်ခံအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်း ပကဖ အကြမ်းဖက်အဖွဲ့တာဝန်ခံအဖြစ် ဝေဖြိုးဟန်(ခ)နောင်ရိုးကဆောင်ရွက်ပြီး အရှေ့ပိုင်းခရိုင်တာဝန်ခံ လင်းထက်(ခ)မဟူရာ၊ အနောက်ပိုင်းခရိုင်တာဝန်ခံ နေလင်းအောင်(ခ)ဖိုးကျော်၊ တောင်ပိုင်းခရိုင် တာဝန်ခံ ထက်ဇော်၊ မြောက်ပိုင်းခရိုင်တာဝန်ခံ မင်းရန်နိုင်တို့ဖြင့် ခရိုင် ၄ ခုခွဲ၍ ဖွဲ့စည်းကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများအား ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်စေခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များက  အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နိုင်မှုမရှိစေရေး သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ တရားခံ ကျား ၄၃ ဦး၊ မ ၅ ဦး ပေါင်း ၄၈ ဦးနှင့်အတူ လက်နက်ငယ်မျိုးစုံ ၂၈ လက်၊ လက်လုပ်သေနတ် ၂ လက်၊  ကျည်အိမ်မျိုးစုံ ၃၇ ခု၊ ကျည် မျိုးစုံ ၃,၇၇၁ တောင့်၊ အီနာဂါ ၈ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၃၈ လုံး၊ အသံတိတ်ပြောင်း ၁ ခု၊ ယမ်းတောင့်မျိုးစုံ ၇၈ တောင့်၊ FCG-9 သေနတ်ထုတ်လုပ်သည့် 3D Printer စက် ၄ လုံး၊ FCG-9 သေနတ် အစိတ်အပိုင်းများ၊ ယမ်းကြိုးများ၊ ဒီတိုနေတာများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

  ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-

  • ဖမ်းဆီးရမိတရားခံများသည် KNLA တပ်မဟာ(၂)/(၅)/(၆)/(၇) နယ်မြေများတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ NUG အကြမ်းဖက်အဖွဲ့မှ လွင်ကိုလတ်၏စေခိုင်းမှုဖြင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများအား လုပ်ဆောင်ခဲ့ကြောင်း။
  • အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သော လက်နက်/ခဲယမ်းများအား ဖမ်းဆီးရန်ကျန် NUG အကြမ်းဖက်အဖွဲ့မှ လွင်ကိုလတ်၏စေခိုင်းမှုဖြင့် ရန်ကုန်တိုင်း ပကဖ အကြမ်းဖက်အဖွဲ့တာဝန်ခံ ဝေဖြိုးဟန်(ခ)နောင်ရိုးမှ ခရိုင် ပကဖ အကြမ်းဖက်အဖွဲ့ တာဝန်ခံများအား ထုတ်ပေးခဲ့ကြောင်း၊ FLA အကြမ်းဖက်အဖွဲ့အတွက် လိုအပ်သော လက်နက်/ခဲယမ်းများအား KNLA တပ်မဟာ(၇)တွင် ထွက်ပြေးတိမ်း ရှောင်လျက်ရှိသော ဖမ်းဆီးရန်ကျန် မင်းသုတမှ မြဝတီမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း။
  • လှိုင်သာယာ ပကဖ အမည်ခံ အကြမ်းဖက်အဖွဲ့သည် လှိုင်သာယာမြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု (၆) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း။
  • အရှေ့ပိုင်းခရိုင် ပကဖ အမည်ခံ အကြမ်းဖက်အဖွဲ့အောက်ရှိ မြို့နယ် ပကဖအမည်ခံ အကြမ်းဖက်အဖွဲ့များသည် လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၀) ကြိမ်နှင့် အပြစ်မဲ့ပြည်သူအား လုပ်ကြံသတ်ဖြတ်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း။
  • BRF အကြမ်းဖက်အဖွဲ့သည် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် လက် လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၃) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း။
  • FLA အကြမ်းဖက်အဖွဲ့သည် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်း ဖက်ဖောက်ခွဲမှု (၃) ကြိမ်နှင့် အပြစ်မဲ့ပြည်သူအား လုပ်ကြံသတ်ဖြတ်မှု (၁) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း။
  • တရားခံ ဟိန်းသက်ပိုင်ကျော်သည် ဖမ်းဆီးရမိတရားခံများနှင့် ဖမ်းဆီးရန်ကျန် တရားခံများနှင့်အတူ ရန်ကုန်မြို့အတွင်း လက်လုပ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၅) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း။
  • လှိုင် PDF အကြမ်းဖက်အဖွဲ့သည် အပြစ်မဲ့ပြည်သူအား လုပ်ကြံသတ်ဖြတ်မှု (၇) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း။
  • တရားခံများ၏ ထွက်ဆိုချက်အရ ဝေဖြိုးဟန်(ခ)နောင်ရိုးသည် ပြည်တွင်း၊ ပြည်ပရှိ အစွန်းရောက် NLD ပါတီထောက်ခံသူအချို့ထံမှ အကြမ်းဖက်လုပ်ငန်း ထောက်ပံ့ငွေ များရယူကာ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် ၄ ခု တာဝန်ခံများထံသို့ အကြမ်းဖက် လုပ်ငန်းများပြီးမြောက်ပါက တိမ်းရှောင်နိုင်ရန် Save House များ  ငှားရမ်းခြင်း အတွက် ငွေကြေးများထောက်ပံ့ပေးလျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ ပြုလုပ် နိုင်မှုအပေါ်မူတည်၍ ငွေကြေးများ ပိုမိုထုတ်ပေးခဲ့ကြောင်း။
  • တရားခံ ငြိမ်းမြတ်သူ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၉ ရက်တွင် KNLA တပ်မဟာ (၆)တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် MURM အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မိုးသူသူအောင်(ခ)မေသက်ခိုင်မှ 3D Printer စက် ၄ လုံးအား ပို့ဆောင်ပေးခဲ့ပြီး ကောင်းမြတ်မှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၇)ရပ်ကွက်ရှိ Safe House ၌ FCG-9 သေနတ်များအား စမ်းသပ်ထုတ်လုပ်ခဲ့ကြောင်း။
  • တရားခံ နိုင်လင်းအောင်သည် KNLA တပ်မဟာ (၇) တွင် ထွက်ပြေးတိမ်းရှောင်လျက် ရှိသော တရားခံများနှင့်ချိတ်ဆက်၍ မြဝတီမြို့မှ လက်နက်/ခဲယမ်းများအား သယ်ယူ/ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။
  • ဖမ်းဆီးရမိတရားခံ ငြိမ်းငြိမ်းအေး(ခ)မေဘယ်သည် နိုဝင်ဘာလတွင် ဒဂုံဆိပ်ကမ်း မြို့နယ်နေ အပြစ်မဲ့ပြည်သူ ၁ ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်သည့်သတင်းအား နိုင်လင်းအောင်၏ချိတ်ဆက်ပေးမှုဖြင့် YRG အကြမ်းဖက်အဖွဲ့ထံမှ ရရှိခဲ့ပြီး Mizzima သတင်းဌာနသို့ ပေးပို့ခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်သည့်သတင်းများအား အယ်ဒီတာချုပ် စိုးမြင့်ထံသို့ နေ့စဉ်ပေးပို့ရကြောင်း၊ လက်နက်/ခဲယမ်း ရောင်းချရန်အတွက် နိုင်လင်းအောင်အား ဖမ်းဆီးရန်ကျန် ပိုင်ရဲသူ၊ ဥက္ကာတို့နှင့် ချိတ်ဆက်ပေးခဲ့ကြောင်း။

အထက်ပါအကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု(၂၉)ကြိမ်နှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု(၁၀)ကြိမ်တို့အား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိရပါသည်။

 သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန်ထားရှိပါသည်။  

  • ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တရားခံ ကျား ၄၃ ဦး၊ မ ၅ ဦး ပေါင်း ၄၈ ဦးအား လက်နက်ငယ်မျိုးစုံ ၂၈ လက်၊ လက် လုပ်သေနတ် ၂ လက်၊  ကျည်အိမ်မျိုးစုံ ၃၇ ခု၊ ကျည် မျိုးစုံ ၃,၇၇၁ တောင့်၊ အီနာ ဂါ ၈ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၃၈ လုံး၊ အသံတိတ် ပြောင်း ၁ ခု၊ ယမ်းတောင့်မျိုးစုံ ၇၈ တောင့်၊ FCG-9 သေနတ်ထုတ်လုပ်သည့် 3D Printer စက် ၄ လုံး၊ FCG-9 သေနတ် အစိတ်အပိုင်းများ၊ ယမ်းကြိုးများ၊ ဒီတို နေတာများ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
  • အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု(၂၉)ကြိမ်နှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု(၁၀)ကြိမ်တို့အား ကျူးလွန်ခဲ့။
  • ဖမ်းဆီးရမိတရားခံ ငြိမ်းငြိမ်းအေး(ခ)မေဘယ်သည် နိုဝင်ဘာလတွင် ဒဂုံဆိပ်ကမ်း မြို့နယ်နေ အပြစ်မဲ့ပြည်သူ ၁ ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်သည့်သတင်းအား နိုင်လင်းအောင်၏ချိတ်ဆက်ပေးမှုဖြင့် YRG အကြမ်းဖက်အဖွဲ့ထံမှ ရရှိခဲ့ပြီး Mizzima သတင်းဌာနသို့ ပေးပို့ခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်သည့်သတင်း များအား အယ်ဒီတာချုပ် စိုးမြင့်ထံသို့ နေ့စဉ်ပေးပို့ရကြောင်း၊ လက်နက်/ခဲယမ်း ရောင်းချရန်အတွက် နိုင်လင်းအောင်အား ဖမ်းဆီးရန်ကျန် ပိုင်ရဲသူ၊ ဥက္ကာတို့နှင့် ချိတ်ဆက်ပေးခဲ့ကြောင်း။

Add new comment