နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်မှာ-

  • လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်သော ဒို့တာဝန်အရေးသုံးပါးသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လေးနက်စွာ ခံယူစောင့်ထိန်းကြရမည့် ကျင့်ဝတ်တစ်ခုပမာ ထင်ရှားစွာတည်ရှိနေ။
  • ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို ယခင်အစိုးရအနေဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်က ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်အဖြစ် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ချမှတ်ထား သကဲ့သို့ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ဟူသော အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကိုလည်း ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိကဦးတည်ဆောင်ရွက်ရမည်ဖြစ်။
  • ထိုသို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များနှင့် ပြည့်စုံရန်လိုအပ်သဖြင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်။
  • စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အားပေးမြှင့်တင်ဆောင်ရွက် ကာ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနည်းပညာများကို လေ့လာဆည်းပူး၍ အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်လျက် နိုင်ငံ၏လူမှုစီးပွားဘဝမြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်။
  • မဲဆန္ဒရှင်စာရင်းများ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့်အချက်အလက်များ ရရှိစေရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်လိုအပ်သောကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စတင်၍ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
  • ခိုင်မာမှန်ကန်သည့် မဲစာရင်းများရရှိလာပါက ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရ မည်ဖြစ်။
  • စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
  • နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး၏သွေးစည်းညီညွတ်မှု၊ အပြန်အလှန် လေးစားယုံကြည်မှုများဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို မဏ္ဍိုင်ပြု၍ ချမှတ်ထားသော အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို လက်တွေ့ကျကျ ကျင့်သုံးပြီး ဆက်လက်၍ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်ကို ပြည်ထောင်စုဖွားတိုင်းရင်းသားညီနောင်အားလုံးက လေးနက်စွာခံယူ၍ သမိုင်းအစဉ်အလာကြီးမားသော အမိမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် စစ်မှန်သောမျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲပါဝင်ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာအား ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁-၂၀၂၄)

 

  • ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိကဦးတည်ဆောင်ရွက်ရမည်ဖြစ်။
  • ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်သွားကြရ မည်ဖြစ်။
  • ခိုင်မာမှန်ကန်သည့် မဲစာရင်းများရရှိလာပါက ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြ ရမည်ဖြစ်။
  • စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။

 

Add new comment