၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ၁၆-၁၂-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃ ရက်နေ့ထိ ရက်သတ္တပတ်တွင်-

  • လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂.၄၇၉ သန်း၊
  • တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀.၁၄၃ သန်း၊
  • ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆.၃၈၀ သန်း၊
  • သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၇၅၀ သန်း၊
  • သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၂၅၉ သန်း၊
  • စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၆.၅၀၀ သန်း၊
  • အခြားပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၉၇၁ သန်းရှိခဲ့ရာ စုစုပေါင်းပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆.၄၈၂ သန်းရှိ။

ပို့ကုန်အများဆုံးတင်ပို့သည့် နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ စပိန်၊ တောင်ကိုရီးယားနှင့် အီတလီနိုင်ငံတို့ ဖြစ်ပါသည်။

နှစ်သစ်ကူးကာလဖြစ်၍ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို  ပြည်ပနိုင်ငံများမှ ဝယ်လိုအားအတက်ဘက်သို့ ဦးတည်လျက်ရှိပြီး ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပုစွန်နှင့် အခြားရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်သကဲ့သို့ စက်မှုကုန်ချောများဖြစ်သည့် CMP ချုပ်ပြီး အထည်များလည်း ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

ထို့ပြင် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ဒီဇင်ဘာလအတွက် ကုန်သွယ်မှုလျာထားချက်ထက် ပြည့်မီကျော်လွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာကုန်တင်သင်္ဘောအစင်းရေ ၆၀၀ ကျော် ဆိုက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁-၂၀၂၄)

 

၁၆-၁၂-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃ ရက်နေ့ထိ ရက် သတ္တပတ်တွင်-

  • လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂.၄၇၉ သန်း၊
  • တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀.၁၄၃ သန်း၊
  • ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆.၃၈၀ သန်း၊
  • သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၇၅၀ သန်း၊
  • သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၂၅၉ သန်း၊
  • စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၆.၅၀၀ သန်း၊
  • အခြားပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၉၇၁ သန်းရှိခဲ့ရာ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆.၄၈၂ သန်းရှိ။
  • ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာကုန် တင် သင်္ဘောအစင်းရေ ၆၀၀ ကျော် ဆိုက်ကပ်ခဲ့။

 

Add new comment