ငြင်းလို့မရတဲ့ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု

ငြင်းလို့မရတဲ့ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း AA အဖွဲ့ရဲ့ မြန်မာငွေ ၅.၈၇ ဘီလီယံ ၊ အမေရိကန်ဒေါ်လာ ၂၄ သန်းကျော်ဖိုးလောက်ရှိတဲ့ အိုက်စ်.၀၇ တန် ပါအဝင် ကဖင်း ၈၀၀ ကီလို ဖမ်းမိတဲ့ကိစ္စကို စစ်ကောင်စီက ကြေညာတော့ AA ဘက်ကနေ သူခိုးက လူပြန်ဟစ်တယ်လို့ တုံ့ပြန်တဲ့အသံ ကြားလိုက်ရတော့ ကျွန်တော်ပြုံးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာတဲ့ကိစ္စတွေကို အတွင်းကျကျ သိနေတဲ့အပြင် AA အဖွဲ့ရဲ့ တရားမဝင်ဆက်ကြေးကောက်ခံနေမှုတွေ၊ လူသစ် စုဆောင်းမှုတွေကို လုံးဝလက်မခံနိုင်တဲ့ မျိုးချစ်ရခိုင်တစ်ဦးဖြစ်လို့ပါပဲ။ AA အဖွဲ့ကြောင့် ရခိုင်ပြည်နယ်မှာ မတည်မငြိမ်ဖြစ်နေရတာတွေနဲ့ ရခိုင်တွေရဲ့ရန်သူဖြစ်တဲ့ ဘင်္ဂါလီနဲ့ ပေါင်းတဲ့ AA အဖွဲ့ကို ဘယ်လိုမှလက်ခံလို့မရတာ ရခိုင်လူမျိုးတစ်ယောက်ရဲ့ မှန်သော သစ္စာစကားပါ။

          AA အဖွဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်သလား/မပတ်သက်ဖူးလား မပြောခင် မိတ်ဆွေတို့မေးကြည့်သင့်တဲ့ မေးခွန်းက AA အပါအဝင် MNDAA TNLA စတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဘယ်ကရတဲ့ပိုက်ဆံတွေနဲ့ လက်နက်တွေတပ်ဆင်ပြီး၊ သူ့တို့ တပ်ဖွဲ့ဝင်တွေကို လစာရိက္ခာပေးနိုင်နေသလဲဆိုတဲ့ မေးခွန်းပါ။ AA အဖွဲ့ လုပ်နေပါတယ်ဆိုတဲ့ (တရားဝင်) စီးပွားရေးလုပ်ငန်းတစ်ခုလောက် ကျွန်တော့်ကို ပြောပြပေးပါ။ ရှိခဲ့ရင်လဲ လက်နက်တွေအမြောက်အမြားဝယ်နိုင်ဖို့ လုံလောက်တဲ့ အနေအထား ရှိရဲ့လား ပြောပေးပါ။ မိတ်ဆွေတို့မှာ ဖြေဖို့ ခိုင်လုံတဲ့အဖြေမရှိဘူး ဆိုတာ သေချာပါတယ်။ ဒါဆိုရင် AA အဖွဲ့ရပ်တည်နေနိုင်တာ မူးယစ်ဆေးဝါး လုပ်ငန်းကရရှိတဲ့ ငွေတွေနဲ့ ပြည်သူတွေဆီက လည်ပင်းညှစ်ပြီး မသထာရေစာ ရနေတဲ့ ဆက်ကြေးတွေနဲ့ ရပ်တည်နေတယ်ဆိုတာ ငြင်းမရအောင် အဖြေထွက် လာပါပြီ။

          တကယ်တော့ AA အဖွဲ့ဟာ စတင်ရပ်တည်ချိန်ကတည်းက မူးယစ်ဆေးဝါးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။ သူ့ဆရာ ကတော့ KIA ပါ။ ဒါပေမယ့် AA က ရခိုင်ပြည်နယ်ကနေ တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတွေကို ကုန်းလမ်းကနေ တင်ပို့တဲ့လမ်းကြောင်းနဲ့ အခြားသော မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေကို ရေလမ်းကြောင်းကနေတင်ပို့တဲ့ ဈေးကွက်တွေကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှ ပိုမိုခြေလှမ်းသွက်လာကြတာ ဖြစ်ပါ တယ်။ ဒါကြောင့် ယခင် NLD အစိုးရလက်ထက်ကတည်းက AA အဖွဲ့နဲ့ ပတ်သက်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးခံရတဲ့ သတင်းတွေ မကြာခဏဆိုသလိုကြားရပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လဖြစ်စဉ်တစ်ခုမှာ AA အဖွဲ့ကိုယ်တိုင် သူတို့တပ်ဖွဲ့ဝင်ဟောင်းပါလို့ ထုတ်ဖော် ဝန်ခံရတဲ့ အခြေအနေရှိခဲ့ပါတယ်။ အမှန်တော့ အဖမ်းခံရတဲ့ မခိုင်ခိုင်ဆိုသူဟာ တပ်ဖွဲ့ဝင်ဟောင်းမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်က ထိုင်းမှာအလုပ်သွားလုပ်ရင်း AA အဖွဲ့ရဲ့ စည်းရုံးသိမ်းသွင်းခြင်းခံရပြီး AA အတွက် လူသစ်ရရှိဖို့နဲ့ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာပေး နေတဲ့ ရန်ပုံငွေရှာဖွေရေးအဖွဲ့က ဖြစ်ပါတယ်။

ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဖြစ်စဉ်မှာလည်း အဖမ်းခံရတဲ့ နေလင်းထွန်း ဆိုသူဟာ ၂၀၁၀ ခုနှစ်၊ ကျိုက်အန်းရွာ၊ အရိယာဝါသကျောင်းက ဆရာတော် ဦးအိန္ဒ ချိတ်ဆက်ပေးမှုနဲ့ လိုင်ဇာမြို့ AA စခန်းမှာ အခြေခံစစ်ပညာသင်တန်း အမစ()အား တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ကိုယ်ပိုင်အမှတ်မှ AA-00104 နဲ့ တသအဆင့်မှ တကက အဆင့်အထိထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ကိုယ်ပိုင်အမှတ်၊ AC-0321 နဲ့ ဒုဗိုလ် ဖြစ်လာတာပါ။

ထွန်းလင်း()ပြုံးချို ဆိုသူဟာလည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလက  စစ်တွေမြို့၊ ဒက်ခေါင်းစာသင်တိုက် ဆရာတော် ဉူးသဒ္ဓမ္မ နှင့်ချိတ်ဆက်ပေးမှုကြောင့်  လိုင်ဇာအနီး AA စခန်းမှာ နေလင်းထွန်းနဲ့ အပါတ်စဉ်တူ ဖြစ်ပါတယ်။ ကိုယ်ပိုင် အမှတ် AA-00138 တသအဆင့်မှ အရခဗ အဆင့်အထိထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ကိုယ်ပိုင်အမှတ်၊ AC-0037  ဗိုလ် အဆင့်ရရှိခဲ့တာဖြစ်ပါ တယ်။

စိုးထွန်း ဆိုသူကတော့ ၂၀၁၂ ခုနှစ်၊ မေလမှာ AA က ဗိုလ်ကြီးထွန်းအောင်ဖြူရဲ့ စည်းရုံးမှုနဲ့ AA အဖွဲ့ကို ဝင်ရောက်လာပြီး လိုင်ဇာ၊ ကချင်သင်တန်းကွင်းမှာ ဖွင့်တဲ့ စစ်အခြေခံ သင်တန်း အမစ() တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ကိုယ်ပိုင်အမှတ် AA-00178 နဲ့ တသအဆင့်မှ တကက အဆင့်ထိထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လတွင် ကိုယ်ပိုင်အမှတ်၊ AC-0304  ဗိုလ် အဆင့်ရရှိခဲ့ပါတယ်။

ကျော်ဟန်ဆိုသူကတော့ ၂၀၁၆ ခုနှစ်မှာ မြောက်ဦးမြို့၊ မဟိမ်ကြီးရပ်ကွက်၌ နေထိုင်နေတုန်းမှာ AA အဖွဲ့၏ လူသစ်စုဆောင်းမှုခံရပြီး ကျောက်တော်မြို့နယ်၊ နမတာကျေးရွာ၊ မီးဝစခန်းမှာ သင်တန်းတက်ခဲ့သူဖြစ်ပါတယ်။ ကိုယ်ပိုင်အမှတ်၊ A-00287 နဲ့ တသအဆင့်မှ တကက အဆင့်ထိ ထမ်းဆောင်နေသူဖြစ်ပါတယ်။ ထွန်းနု ဆိုသူကတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ AA အဖွဲ့၏ လူသစ်စုဆောင်းခံရပြီး မီးဝ စခန်းမှာ သင်တန်းတက်ခဲ့ပြီး ကိုယ်ပိုင်အမှတ်၊ AA-18923 တသအဆင့်နဲ့ လက်ရှိ အချိန်ထိ တာဝန်ထမ်းနေသူဖြစ်ပါတယ်။

ကျော်လင်းဆန်းကလည်း ၂၀၂၀ ခုနှစ်၊ မေလမှာ AA အဖွဲ့၏ လူသစ် စုဆောင်း ခြင်းခံရပြီး လိုင်ဇာမြို့မှာ အခြေခံစစ်ပညာသင်တန်း၊ အမစ(၅၇)အား တက်ရောက် ခဲ့သူဖြစ်ပါတယ်။ ကိုယ်ပိုင်အမှတ်၊ AA-15473 တသအဆင့်နဲ့ လက်ရှိအချိန်အထိ တာဝန် ထမ်းဆောင်နေသူဖြစ်ပါတယ်။

          ဒီအဖွဲ့တွေအားလုံးဟာ AA အဖွဲ့က ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ကျော်မြတ်ဦး ()မောင်နိုင်()လောပန်း() သားသား() ဝေသာထွန်း အောက်မှာ မူးယစ်ဆေးဝါးနဲ့ ရန်ပုံငွေရှာဖွေရေးကိစ္စတွေ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ကျော်မြတ်ဦး နာမည်နဲ့ တရားဝင်မှတ်ပုံတင်ကိုင်ဆောင်ထားသူဖြစ်ပါတယ်။

 ဒီလောက်အချက်အလက်တွေ သိရရင် မိတ်ဆွေတို့အနေနဲ့ AA အဖွဲ့အနေနဲ့ မူးယစ် ဆေးဝါးနဲ့ မပတ်သက်ပါဘူးဆိုတဲ့ ဗြောင်လိမ်ဗြောင်စား ငြင်းလုံးတွေကို အကဲဖြတ် နိုင်ကြပြီဖြစ်ပါတယ်။ AA အဖွဲ့အပါအဝင် အခုနာမည်ကြီးနေတဲ့ မြောက်ပိုင်း ၃ ဖွဲ့ဆိုတဲ့ လက်နက်ကိုင်တွေရဲ့ မူးယစ်ရာဇဝင်တွေကို အလျဉ်းသင့်သလို ဖော်ထုတ် ပေးပါဦးမယ်။ ဒီအဖွဲ့တွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆက်စပ်နေကြတဲ့ ပုလင်းတူဗူးစို့တွေ ဖြစ်ပါတယ်။

          ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ်ကိုချနင်းပြီး ကိုယ်ကျိုးရှာရခိုင်လူမျိုးတစ်စုရဲ့ လုပ်ရပ်တွေကြောင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ပျက်ပြားနေတာကို မလို လားပါဘူး။ AA အဖွဲ့ဟာ ရခိုင်လူမျိုးအများစုနဲ့ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဖြစ်ပေမယ့် ရခိုင်လူမျိုးတိုင်းလက်ခံထားတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ အထူးသဖြင့် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဘဏ္ဍာငွေ ရှာဖွေနေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ကုန်ကူးနေတဲ့ မူးယစ်ဂိုဏ်းဖြစ်လို့ တည်ငြိမ် အေးချမ်းရေးကို လိုလားတဲ့ ရခိုင်လူမျိုးတစ်ဦးအနေနဲ့ လုံးဝလက်မခံပါဘူး ဒါကြောင့် AA အဖွဲ့ရဲ့ ငြင်းလို့မရတဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုများကို အများပြည်သူတွေ သိရှိအောင် ဖော်ထုတ်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

မောင်ကျော်(တောင်ကုတ်)
 

Add new comment