ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၏ (၅) ထပ်ကုသဆောင်သစ်နှင့် ဆေးတက္ကသိုလ်-တောင်ကြီး၊ သင်ကြားရေး(၄) ထပ်စာသင်ဆောင် ဖွင့်ပွဲအခမ်းအနားတက်ရောက်

         (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ (၅) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ဆေးတက္ကသိုလ်-တောင်ကြီး သင်ကြားရေး (၄) ထပ်စာသင်ဆောင်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂ ရက် တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးတက္ကသိုလ်-တောင်ကြီး (၄) ထပ်စာသင်ဆောင်နှင့် (၅) ထပ်ကုသဆောင်သစ်တို့ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုဖွင့်လှစ်သည့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅) ထပ် ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂ ဒသမ ၅ ဘီလီယံကျော် (၂၅၉၂ ဒသမ ၅ ကျပ်သန်း) အကုန်ကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆေးတက္ကသိုလ်-တောင်ကြီး (၄) ထပ် စာသင်ဆောင်သစ်ကို စုစုပေါင်းကုန်ကျငွေ ကျပ်သန်းပေါင်း (၁၄၀၃) သန်းကို အသုံးပြုကာ တည်ဆောက်ခဲ့ခြင်းပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တောင်ကြီးမြို့၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းသို့သွားရောက်ကာ ဆရာ/ဆရာမ၊ သင်တန်းသား/သင်တန်းသူများကို တွေ့ဆုံပြီး သင်ကြားရေးလုပ်ငန်းများနှင့် နေထိုင် စားသောက်ရေး အတွက် လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁-၂၀၂၄)

 

  • စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅) ထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံ ငွေကျပ် ၂ ဒသမ ၅ ဘီလီယံကျော် (၂၅၉၂ ဒသမ ၅ ကျပ်သန်း) အကုန်ကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆေးတက္ကသိုလ်-တောင်ကြီး (၄) ထပ် စာသင်ဆောင်သစ်ကို စုစုပေါင်းကုန်ကျငွေ ကျပ်သန်းပေါင်း (၁,၄၀၃) သန်းကို အသုံးပြုကာ တည်ဆောက်ခဲ့။

 

Add new comment