တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

    တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ကောလင်းမြို့နယ်၊ တောင်မော်ရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန် သတင်းအတုဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ The Tanintharyi Times မှ တင်ထားသော တနင်္သာရီမြို့၊ ညောင်ပင်ကွင်းကျေးရွာကို နှစ်သစ်ကူးချိန်တွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းအား PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ AA သောင်းကျန်းသူများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွှေဂူတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ The Kokang မှ တင်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့၊ တရုတ်ကျေးရွာအတွင်းသို့ တပ်မတော်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမား များမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာများဖြစ်သည့် DVB TV News နှင့် The Kokang တို့မှ တင်ထားသော လောက်ကိုင်တွင် တပ်မတော်မှ အဆိပ်သင့်ဓာတုဗုံးဖြင့် တိုက်ခိုက်ခဲ့ ဟူသည့်သတင်းသည် ကောလာဟလသတင်းများဖြစ်ပြီး တပ်မတော်ဘက်မှ အဆိပ်သင့်ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ထိခိုက်ကျဆုံးမှု များပြားလာသည့်အတွက် အဆိုပါအခြေအမြစ်မရှိသော ကောလာဟလသတင်းအမှားများကို လုပ်ကြံဖန်တီးကာ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁-၂၀၂၄)

 

  • ကောလင်းမြို့နယ်၊ တောင်မော်ရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ဦးသေဆုံး၊ နေအိမ် လုံး မီးလောင်ပြာကျခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်သတင်းအတုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိခဲ့။
  • တနင်္သာရီမြို့၊ ညောင်ပင်ကွင်းကျေးရွာကို နှစ်သစ်ကူးချိန်တွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများက လက်လုပ် စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်။
  • မြောက်ဦးမြို့ရှိ ရဲတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ဦးသေဆုံးကာ ဦးဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့၊ တရုတ်ကျေးရွာအတွင်းသို့ တပ်မတော်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်း အမှန်မှာ အကြမ်းဖက်သမားများမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ အရပ်သား ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။
  • လောက်ကိုင်တွင် တပ်မတော်မှ အဆိပ်သင့်ဓာတုဗုံးဖြင့် တိုက်ခိုက်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းများဖြစ်ပြီး တပ်မတော်ဘက်မှ အဆိပ်သင့်ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။

Add new comment