၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက် တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက အနိုင်ရရှိခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပထမဆုရရှိသည့် ရခိုင်ပြည်နယ် အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်ခဲ့ကာ ကောင်စီအဖွဲ့ဝင် များက ပထမဆုရရှိသည့် ရခိုင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ် အသင်း၊ တတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းနှင့် စတုတ္ထရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။

  • ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရခိုင်ပြည်နယ်အသင်းက အနိုင်ရရှိခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပထမဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်ခဲ့။

Add new comment