တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

        တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် RFA Burmese တို့မှ တင်ထားသော မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီးဝန်းကျင်နှင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိဟူသောသတင်းသည်လုပ်ကြံသတင်းအမှားများဖြစ်ပြီး AA သောင်းကျန်းသူများသည် မြောင်းဘွေရဲစခန်းနေရာအား Drop ဗုံးသီးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါစခန်း၏ အနီးကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်အား လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်ဘက်မှ ကျေးရွာများအတွင်းသို့ လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းနှင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းများမရှိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Than Lwin Times မှ တင်ထားသော လောင်းလုံးမြို့နယ်၊ စပ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းအတုသာဖြစ်ပြီး အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လောင်းလုံးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပေါက်တောမြို့အတွင်းသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်၊ ရမ်းဗြဲ မြို့ရှိ နေအိမ်များအား တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်း အမှားသာဖြစ်ပြီး AA သောင်းကျန်းသူများ အနေဖြင့် အဆိုပါမြို့များဝန်းကျင်တွင် ခိုအောင်းလှုပ်ရှားနေပြီး အခွင့်သင့်သည့်အခါတွင် မြို့/ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဝင်ရောက်မီးရှို့ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် RFA တို့မှ တင်ထားသော မတ္တရာမြို့နယ်ရှိ ရှမ်းမြောင်းကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူအပါအဝင် အလုပ်သမား ၆ ဦးကို တပ်မတော်မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည့်သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများကသာ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် RFA တို့မှ တင်ထားသော မတ္တရာမြို့နယ်ရှိ ဥဒိန်ကျေးရွာကို တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၅၀ ကျော် မီးလောင်ခဲ့သည့်သတင်းသည် သတင်းအမှားဖြစ်ပြီး အဆိုပါကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိရာ အကြမ်းဖက်သမားများက လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာရှိ လူနေအိမ်များကို ထိမှန်၍ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ မြေလတ်အသံမှ တင်ထားသော နတ်တလင်းမြို့နယ်၊ လက်ပံပင်ပြန့်ကျေးရွာရှိ စာသင်ကျောင်းနှင့် ယာတဲများကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ခဲ့သည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါ ကျေးရွာအား PDF အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးခြင်းနှင့် ခြိမ်းခြောက် လူသတ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိကြောင်းနှင့် တပ်မတော်ဘက်မှ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်း သာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁-၂၀၂၄)

 

  • ပေါက်တောမြို့အတွင်းသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်၊ ရမ်းဗြဲမြို့ရှိ နေအိမ်များအား တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့ဟူ သည့်သတင်းသည် သတင်းအမှားသာဖြစ်ပြီး AA သောင်းကျန်းသူများအနေဖြင့် အခွင့်သင့်သည့်အခါတွင် မြို့/ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဝင်ရောက်မီးရှို့ခြင်းများကို လုပ်ဆောင်လျက်ရှိ။
  • မတ္တရာမြို့နယ်ရှိ ရှမ်းမြောင်းကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူအပါအဝင် အလုပ်သမား ဦးကို တပ်မတော်မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည့်သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများကသာ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်။
  • မတ္တရာမြို့နယ်ရှိ ဥဒိန်ကျေးရွာကို တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၅၀ ကျော် မီးလောင်ခဲ့သည့်သတင်းသည် သတင်းအမှားဖြစ်။
  • နတ်တလင်းမြို့နယ်၊ လက်ပံပင်ပြန့်ကျေးရွာရှိ စာသင်ကျောင်းနှင့် ယာတဲများကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ခဲ့သည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းအမှားဖြစ်။

Add new comment