ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခွင့်ပြုလျက်ရှိ

       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လူထုပါတီ (The Party for People) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍လည်းကောင်း၊ ပြည်သူ့ပါတီ (People’s Party) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစ၍လည်းကောင်း၊ နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

ဒီဇင်ဘာလ ၂၉ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် ပါတီစုစုပေါင်း ၄၇ ပါတီရှိပြီး ဖျက်သိမ်းခဲ့သည့် ပါတီ ၂ ပါတီရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၂-၂၀၂၃)

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လူထုပါတီ ( The Party for People) နှင့် ပြည်သူ့ပါတီ (People’s Party) တို့ကို မှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့။
  • ဒီဇင်ဘာလ ၂၉ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် ပါတီစုစုပေါင်း ၄၇ ပါတီရှိပြီး ဖျက်သိမ်းခဲ့သည့် ပါတီ ၂ ပါတီရှိ။

Add new comment