အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည့် ဖြိုးဇေယျာသော် (ခ)မောင်ကျော် နှင့် ကျော်မင်းယု (ခ)ဂျင်မီ တို့အား သေဒဏ်အမိန့်ချမှတ်

အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့ကြသည့် ဖြိုးဇေယျာသော် (ခ)မောင်ကျော်နှင့် ကျော်မင်းယု(ခ)ဂျင်မီတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည) တို့အရ ဇန်နဝါရီလ ၂၁ ရက်တွင် ၎င်းတို့ ၂ ဦး အား “သေဒဏ်” အမိန့်ချမှတ်ခဲ့ပါသည်။

            ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ တရားခံ ဖြိုးဇေယျာသော် (ခ) မောင်ကျော် ကျုးလွန်ခဲ့သော ပြစ်မှုများမှာ-

  •  သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်ရှိနေအိမ်၌ လက်နက်မျိုးစုံ ၁၇၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၃၀ ခု၊ ကျည်မျိုးစုံ ၈၅၆၀ တောင့်၊ ဗုံးသီးမျိုးစုံ ၃၂ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံးအားလည်းကောင်း၊ (ခ/င)ရပ်ကွက်ရှိနေအိမ်၌ လက်နက် မျိုးစုံ ၃၉ လက်၊ ကျည်အိမ်မျိုးစုံ ၇၆ ခု၊ ကျည်မျိုးစုံ ၅၂၀၀ တောင့်တို့အား လည်းကောင်း သိမ်းဆည်းထားရှိခြင်းဖြင့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်များအား လက်နက်ခဲယမ်းမီးကျောက်များကို  ထောက်ပံ့မှုပြုလုပ်ရန်အတွက် သိုဝှက်သိမ်းဆည်းထားခြင်း။
  •  CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ Moon Light  Operation အဖွဲ့များနှင့် Zoom Meeting ပြုလုပ်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန်အတွက် လှုံ့ဆော်ခြင်း။
  •  ၎င်းတို့အား မထောက်ခံသူများ၊ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများအား  ပစ်ခတ်သတ်ဖြတ်ရန်အတွက် လက်နက်ငှားရမ်းထောက်ပံ့ပေးမှု ၃၅ ကြိမ်၊ စီစဉ်ညွှန်ကြားခဲ့မှု ၁၁ ကြိမ်။
  •  အစိုးရအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှု  ၃၀ ကြိမ်၊ အုပ်ချုပ်ရေး မှူးရုံးများ ၃၂ ကြိမ်၊ လျှပ်စစ်ရုံးနှင့် အနီးဝန်းကျင် ၂၅ ကြိမ်၊ က.ည.န ရုံးနှင့် အနီးဝန်းကျင် ၉ ကြိမ်၊ CCTV Control Box ၅ ကြိမ်၊ အများပြည်သူနှင့် ဆိုင်သောနေရာများ ၆၀ ကြိမ်၊ ဘာသာရေးအဆောက်အဦများ ၂ ကြိမ်၊ စာသင်ကျောင်း ၃ ကြိမ်၊ ယာဉ်ထိန်းရုံးများ ၁၂ ကြိမ်ပြုလုပ်ရာတွင် ကြံရာပါ အဖြစ် ပါဝင်ဆောင်ရွက်ခြင်း။
  •  ပြည်ပရောက်နေသူများထံမှ အလှူငွေများကောက်ခံပြီး ကောက်ခံရရှိသည့် အလှူငွေများအား အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုရန်ရည်ရွယ်၍ ဥပဒေနှင့်မညီဘဲ ငွေကြေးများ ထောက်ပံ့ခြင်း၊ လက်နက်/ခဲယမ်းများ ဝယ်ယူထောက်ပံ့ပေးခြင်း။

          ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ တရားခံ ကျော်မင်းယု(ခ)ဂျင်မီ ကျုးလွန်ခဲ့သော ပြစ်မှုများမှာ-  

  • ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်ရှိ နေအိမ်၌ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်များအားထောက်ပံ့မှု ပြုလုပ်ရန်အတွက် AK-47 ၆ လက်၊ M-16 ၈ လက်၊ ၁၂ ဗို့ ၂ လက်၊ တူမီး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၁၈ ခုအား သိုဝှက်သိမ်းဆည်းထားခြင်း၊
  • CRPH၊ NUG ၊ PDF အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံဖြစ်သည့်  Moon Light  Operation အဖွဲ့များနှင့်  Zoom Meeting ပြုလုပ်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ လုံခြုံရေးဂိတ်များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများနှင့် နယ်မြေခံတပ်များအား တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးရန်အတွက် အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်ခြင်း။
  • ၎င်းတို့၏ လက်အောက်ခံဖြစ်သည့် “နွေဦးကံ့ကော်” အဖွဲ့သို့ လက်နက်ခဲယမ်း များ ဝယ်ယူ/ပြုလုပ်ရန်အတွက် ငွေကြေး လွှဲပြောင်းထောက်ပံ့ပေးခြင်း။
  • UMCD အဖွဲ့နှင့်ပူးပေါင်း၍ အမေရိကန်ဒေါ်လာ သိန်း ၁,၀၀၀ ခန့်တန်ဖိုးရှိ သေနတ်ထုတ်လုပ်နိုင်သည့် 3D Printer ဝယ်ယူရန် NUG အကြမ်းဖက်အဖွဲ့သို့ ဆက်သွယ်တောင်းခံခဲ့ခြင်း။

          စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေး မှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည့် တရားခံ ဖြိုးဇေယျာသော်(ခ)မောင်ကျော် နှင့် ကျော်မင်းယု(ခ)ဂျင်မီ တို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည) တို့အရ ၎င်းတို့ ၂ ဦးအား “ သေဒဏ် ” အမိန့်ချမှတ်ခဲ့။

Add new comment