ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံ သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများကို ကျင်းပခဲ့ရာ-

  • ဇူလိုင်လ ၁၅  ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နှင့် အမရပူရမြို့နယ်တို့မှ   PDF အဖွဲ့ဝင် အမျိုးသား ၈ ဦးတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တာဝန်ရှိသူများက အလင်းဝင်ရောက်လာသူ များအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေ မျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ် မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေး ထုတ်ပြန်ထားပြီး ဇူလိုင်လ ၁၅ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူ PDF အဖွဲ့ဝင် အမျိုးသား ၄၃၀ ဦးနှင့် အမျိုးသမီး ၁၃၈ ဦး၊ စုစုပေါင်း ၅၆၈ ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၆-၇-၂၀၂၃)

 

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော် လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိ သူ PDF အဖွဲ့ဝင် အမျိုးသား ၈ ဦးတို့အား ဝန်ခံကတိလက်မှတ် ရေးထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေး အပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
  • ဇူလိုင်လ ၁၅ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၄၃၀ ဦးနှင့် အမျိုးသမီး ၁၃၈ ဦး၊ စုစုပေါင်း ၅၆၈ ဦးရှိပြီဖြစ်

Add new comment