ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံနှင့် ၂၀၂၃ ခုနှစ် အဏ္ဏဝါ စီးပွားရေး၏ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံး ဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံနှင့် ရှမန်မြို့၌ ကျင်းပသည့် “၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး၏ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါခရီးစဉ် အတွင်း ပြည်ထောင်စုဝန်ကြီးသည်-

  • ဇူလိုင်လ ၁၁ ရက်တွင် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက် ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံ အသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ Mr. Han Zhengကို တွေ့ဆုံခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်မည့် ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု မျှဝေရေးဆိုင်ရာလုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • ဇူလိုင်လ ၁၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၁၉၈၀ ပြည့်နှစ်က စတင်ခဲ့သည့် အထူးစီးပွားရေးဇုန် ၄ ခုတွင် ၁ ခုအပါအဝင် ဖြစ်သည့် ရှမန်မြို့ရှိ BRICS အဖွဲ့၏ ခေတ်သစ်စက်မှုတော်လှန်ပုံစံ ပြောင်းလဲရေး ဗဟိုဌာနပြခန်းသို့ သွားရောက် လေ့လာခဲ့ပြီး ၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့။
  • ညနေပိုင်းတွင် ရှမန်မြို့ရှိ KING LONG လူစီးဘတ်စ် ကားနှင့်လျှပ်စစ်ဘတ်စ်ကား မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး ထုတ်လုပ်မှု၊ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချမှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • ဇူလိုင်လ ၁၃ ရက်တွင် KELONG  လျှပ်စစ်သုံးပစ္စည်းကိရိယာများ ထုတ်လုပ်မှု ကုမ္ပဏီ၏ UPS ကြီးများ ထုတ်လုပ်မှု၊ ဒေတာစင်တာ (Data Center) သုံးပစ္စည်း များနှင့် လျှပ်စစ်ကားအားသွင်းစက် (EV Charger) များ ထုတ်လုပ်သောစက်ရုံသို့ သွားရောက်လေ့လာကာ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားလာများကို ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် ရှမန်မြို့ရှိ တရုတ်ဗုဒ္ဓဘာသာ ကောလိပ်သို့ သွားရောက်လေ့လာခဲ့။  
  • ဇူလိုင်လ ၁၄ ရက်တွင် ရှမန်မြို့၊ Bio Medical Research နှင့် Xiamen Cardiovascular Hospital Xiamen University ရှိ နှလုံးရောဂါနှင့် နှလုံးသွေး ကြောရောဂါကုဌာနသို့ သွားရောက်လေ့လာ၍ ဆေးပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာသင်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ များကို ဆွေးနွေးခဲ့။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ နိုင်ငံသို့ ဇူလိုင်လ ၁၅ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီး Ms. Cao Jing တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၆-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရှမန်မြို့ရှိ KING LONG လူစီးဘတ်စ် ကားနှင့် လျှပ်စစ်ဘတ်စ်ကား မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက် လေ့လာခဲ့ပြီး ထုတ်လုပ်မှု၊ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချမှုအခြေအနေနှင့် ရင်းနှီး မြှုပ်နှံမှု အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • ရှမန်မြို့ရှိ BRICS အဖွဲ့၏ ခေတ်သစ်စက်မှုတော်လှန်ပုံစံ ပြောင်းလဲရေးဗဟိုဌာန ပြခန်းသို့ သွားရောက်လေ့လာခဲ့ပြီး ၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့။
  • Bio Medical Research နှင့် Xiamen Cardiovascular Hospital Xiamen University ရှိ နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါကုဌာနသို့ သွားရောက်လေ့ လာ၍ ဆေးပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာသင် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့။

Add new comment