နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား ရာတွင်-

  • ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြည်တွင်းသုံးစွဲမှု၊ စားသုံးမှုဖူလုံ အောင်ဆောင်ရွက်ရေး၊ ပိုလျှံအောင်ထုတ်လုပ်၍ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ပြည်ပ သွင်းကုန်များအား အစားထိုးထုတ်လုပ်နိုင်ရေးဟူ၍ အပိုင်း ၃ ပိုင်းခွဲခြား ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ထုတ်ကုန်များတင်ပို့ ခြင်းနှင့် မြေပေါ်မြေအောက်သယံဇာတပစ္စည်းများ တင်ပို့ရောင်းချခြင်းများ ရှိ ကြောင်း။
  • မြေပေါ်မြေအောက်သဘာဝသယံဇာတများ ထုတ်လုပ်ခြင်းကို နိုင်ငံ၏ ရေရှည် အကျိုးစီးပွားကိုကြည့်၍ ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ ဂျီဒီပီတိုး တက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ရှိရန်လိုကြောင်း။
  • စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းနှင့် စွမ်းအားပြည့် စိုက်ပျိုးခြင်းဆိုသည့် အချက် ၂ ချက်ကို အလေးထားဆောင်ရွက်ရန်လိုကြောင်း။
  • မွေးမြူရေးနှင့်ပတ်သက်၍ မိရိုးဖလာမွေးမြူခြင်းများထက် စနစ်တကျဖြင့် မွေးမြူ ဆောင်ရွက်မည်ဆိုပါက ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း။
  • ဝတ်ရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ဝါလိုအပ်ချက်မှာ ပိဿာချိန် ၃၆၃ ဒသမ ၂၂ သန်း ဖြစ်ပြီး မိမိတို့နိုင်ငံ၏ ဝါထွက်ရှိနှုန်းမှာ ၂၀၁ သန်းခန့်သာရှိကြောင်း၊ သတ်မှတ် ဝါအထွက်နှုန်းဖြစ်သည့် တစ်ဧကပိဿာချိန် ၇၀၀ တိုးတက်အောင် ဆောင်ရွက်နိုင် မည်ဆိုပါက ပြည်တွင်းဝါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ ပိုလျှံ မှုများဖြစ်ပေါ်လာပါက ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်ကြောင်း။
  • ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက် စွာထုတ်လုပ်နိုင်မည်၊ ပြည်တွင်းမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ် ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း ပြောကြားခဲ့။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဒေသတွင်း ဆန်နှင့်ဆီ ဖူလုံမှု၊ လိုအပ်မှုနှင့် ပိုလျှံမှု၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေ၊ ဒေသအလိုက် စားရေရိက္ခာဖူလုံ ရေးအတွက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေများ ထုတ်ပေးထားမှု၊ စိုက်ပျိုးမြေများကို အကျိုးရှိစွာ အသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က-

  • စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုးစလုံး ပြည့်စုံစွာဖြင့် ဆောင်ရွက်နိုင်မှသာ အထွက်နှုန်းများ တိုးတက်မည်ဖြစ်ကြောင်း။
  • သီးနှံများထုတ်လုပ်ရာတွင် ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက် လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်မှုရှိစေရန် ထုတ်လုပ် ရမည်ဖြစ်ကြောင်း။
  • မွေးမြူရေးလုပ်ငန်းများကိုလည်း ခေတ်မီနည်းစနစ်များ အသုံးပြု၍ ဆောင်ရွက် ကြမည်ဆိုပါက ဒေသအလိုက် အသား၊ ငါးနှင့် ဥလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း။
  • သဘာဝသစ်စိမ်း မြေဩဇာဖြစ်သည့် ပိုက်ဆန်လျှော်စိုက်ပျိုး၍ ရရှိလာသည့် အကျိုးကျေးဇူးများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ သုတေသနပြုဆောင်ရွက်ရန် လိုကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမစနစ်ကို ကျင့် သုံးပြီး အစုအဖွဲ့များဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း။
  • နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေး လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍ စသည့်ကဏ္ဍ ၃ ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရပြီး ထိုအထဲမှ လယ်ယာကဏ္ဍကြီးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း။
  • စိုက်ပျိုးမြေများကို ဧကကွက်များဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက စက်မှုလယ် ယာအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ နည်းပြီး အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ထွက်ကုန်များကိုအသုံးပြု၍ MSME ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင် အလေးထားဆောင်ရွက်ပြီး ကုန်ထုတ်စွမ်းများမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့။

အစည်းအဝေးသို့ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၇-၂၀၂၃)

 

  • မြေပေါ်မြေအောက်သဘာဝသယံဇာတများ ထုတ်လုပ်ခြင်းကို နိုင်ငံ၏ ရေရှည် အကျိုးစီးပွားကိုကြည့်၍ ထိန်းချုပ်ဆောင်ရွက်လျက်ရှိ၊ နိုင်ငံ၏ ဂျီဒီပီတိုးတက်ရေး အတွက် လုပ်ငန်းဆောင်ရွက်နေသူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင် အောင် ဆောင်ရွက်လိုစိတ်ရှိရန်လို။
  • စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းနှင့် စွမ်းအားပြည့် စိုက်ပျိုးခြင်းဆိုသည့် အချက် ချက်ကို အလေးထားဆောင်ရွက်ရန်လို။
  • စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း မျိုးစလုံး ပြည့်စုံ စွာဖြင့် ဆောင်ရွက်နိုင်မှသာ အထွက်နှုန်းများ တိုးတက်မည်ဖြစ်။
  • သီးနှံများထုတ်လုပ်ရာတွင် ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်မှုရှိစေရန် ထုတ်လုပ်ရမည်ဖြစ်။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမစနစ်ကို ကျင့် သုံးပြီး အစုအဖွဲ့များဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်ရန်လိုအပ်။

Add new comment