ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့ကို ဇူလိုင်လ ၁၄ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ကာလရှည်ကြာစွာ ပူးပေါင်း ဆောင်ရွက်ခဲ့မှုများနှင့် လက်ရှိအခြေအနေတွင် ယခင်ကာလများကဲ့သို့ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ UNFPA အနေဖြင့် မြန်မာနိုင်ငံ၏ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များတွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာ ကောင်းများကို ထိန်းသိမ်း၍ ဆက်လက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်၊ ဒေါက်တာမျိုးသန့်၊ ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၅-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်အား လက်ခံတွေ့ဆုံခဲ့ပြီး ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ကာလရှည် ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် လက်ရှိအခြေအနေတွင် ယခင်ကာလများကဲ့သို့ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့။

 

 

 

 

Add new comment