ဒေါက်တာဌေးအောင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၂ ရက်မှ ၁၃ ရက်အထိ ဗီယင်နာအပြည်ပြည်ဆိုင်ရာ စင်တာ၌ ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် စတုတ္ထအကြိမ် မျက်နှာစုံ ညီအစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ online ဖြင့် တက်ရောက်ခဲ့ပါသည်-

  • ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာ ရင်ဆိုင် ကြုံတွေ့ရသည့် အခက်အခဲများကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဖြေရှင်း နိုင်ရေး၊ ၂၀၂၃ ခုနှစ်အတွင်း လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့။
  • အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်များအဖွဲ့က ကြီးမှူးကျင်းပသည့် နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုများ ပူးပေါင်းတိုက် ဖျက်ရေးဆိုင်ရာ Webinar တွင် ဟောင်ကောင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်နေမှုများ၊ နည်းပညာ အထောက်အကူပြု ဆောင်ရွက်ပေးနေမှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများတွင် သတင်းအချက်အလက် ဖလှယ်ခြင်း၊ နိုင်ငံတကာနှင့် ပူး ပေါင်းဆောင်ရွက်ခြင်း ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့။
  • အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု အန္တရာယ်ဆန်းစစ်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာမူဘောင် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းစသည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့။

အဆိုပါအစည်းအဝေးများသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်နှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၅-၇-၂၀၂၃)

 

  • အစည်းအဝေးများတွင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဖြေရှင်းရန်။
  • အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများတွင် သတင်းအချက်အလက် ဖလှယ်ရန်နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • အဂတိလိုက်စားမှု အန္တရာယ်ဆန်းစစ်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာမူဘောင် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့။

Add new comment