မိုခါမုန်တိုင်း ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ကို ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၁၄ ရက်အထိ သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာ

မိုခါမုန်တိုင်း ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ သော ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ကို ပုံမှန်အနေအထားသို့ အပြည့်အဝ ပြန်လည်ရောက်ရှိလာစေရန် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်သဖြင့် ၁၅-၇-၂၀၂၃ ရက်မှ ၁၄-၉-၂၀၂၃ ရက်အထိ သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင်လ ၁၄ ရက်တွင် ဒုတိယအကြိမ် ကြေညာခဲ့ ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ကြေညာချက်အမှတ်    ၃ / ၂၀၂၃

၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော်    ၁၂   ရက်

( ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ    ၁၄   ရက် )

၁။      အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ် မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော် မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသ များအဖြစ် ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

၂။      အဆိုပါ မြို့နယ်များကို ပုံမှန်အနေအထားသို့ အပြည့်အဝ ပြန်လည်ရောက်ရှိလာ စေရန် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်ပါသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေ ပုဒ်မ ၂၆ အရ ၁၅- ၇ -၂၀၂၃ ရက်နေ့မှ ၁၄- ၉ -၂၀၂၃ ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာ လိုက်သည်။

၃။      ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် ဖြစ်ပါသည်။

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၇-၂၀၂၃)

 

  • မိုခါမုန်တိုင်း ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ သော ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ကို ပုံမှန်အနေအထားသို့ အပြည့်အဝ ပြန်လည်ရောက်ရှိလာစေရန် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်သဖြင့် ၁၅--၂၀၂၃ ရက်မှ ၁၄--၂၀၂၃ ရက်အထိ သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒုတိယအကြိမ် ကြေညာခဲ့။

Add new comment