ဂျီနီဗာမြို့တွင် မြန်မာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလတွင် အတည်ပြု၊ ထုတ်ပြန်ခဲ့ သည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်အဆိုတို့တွင် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံ တကာအသိုက်အဝန်းတို့အကြား ဓမ္မဓိဋ္ဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘောဆောင် သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ပေါ်စေခြင်းမရှိသည့်အတွက် မြန်မာ နိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
သတင်းထုတ်ပြန်ချက်
ဂျီနီဗာမြို့တွင် ၁၉-၆-၂၀၂၃ ရက်မှ ၁၄-၇-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာအစည်းအဝေးများကို သက်ဆိုင်ရာနိုင်ငံမပါဘဲကျင်းပခဲ့ပြီး ယင်းမှာ ကောင်စီ၏ မူဝါဒများနှင့်ရည်ရွယ်ချက်တို့နှင့် သွေဖည်လျက်ရှိသည်။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)က တင်သွင်းခဲ့သောဆုံးဖြတ် ချက်အဆိုအရ ဆွေးနွေးပွဲတစ်ရပ်ကို ၂၁-၆-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည်။ ဥရောပ သမဂ္ဂ(အီးယူ)က တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုအရ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူတို့နှင့် အပြန်အလှန်ဆွေးနွေးပွဲများကို ၆-၇-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည်။ ထို့ပြင် အိုအိုင်စီကိုယ်စား ပါကစ္စတန်နိုင်ငံမှ စာရွက်စာတမ်းအမှတ်၊ A/HRC/53/ L.30/ Rev.1 ဖြင့် တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို ၁၄-၇-၂၀၂၃ ရက်တွင် ကောင်စီက အတည်ပြုချမှတ်ခဲ့သည်။
အထက်ပါဆွေးနွေးပွဲများနှင့် လတ်တလောချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုတို့ သည် မြန်မာပြည်သူများအပေါ် အမုန်းစကားမြောက်ကြောင်းနှင့် ယဉ်ကျေးမှုနှင့် တိုင်းရင်းသားမျိုးစုံပါဝင်သော မြန်မာ့အသိုက်အဝန်းအကြား စိတ်ဝမ်းကွဲပြားစေရန် လှုံ့ဆော်ရာရောက်ကြောင်း စိုးရိမ်စွာဖြင့် မှတ်သားရသည်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ် ပေါ်ပေါက်ခဲ့ရသည့် အကြောင်းရင်းကို မျက်ကွယ်ပြုခြင်းဖြင့် လက် တွေ့မြေပြင်အခြေအနေကို ထင်ဟပ်နိုင်မည်မဟုတ်ပါ။ ကောင်စီ၏ ဆွေးနွေးပွဲအမျိုး မျိုးကို အသုံးချ၍ တစ်ဖက်သတ်ဇာတ်ကြောင်းများ ဖန်တီးနေစေကာမူ ကော့ဘဇားရှိ စခန်းများတွင် တိုက်ပွဲများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများက အကာမူဂျာဟီဒင်ခေါ် အာဆာအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို သက်သေပြလျက်ရှိသည်။ ယင်းအကြမ်းဖက်မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှအတင်းအကျပ် နေရပ် စွန့်ခွာခဲ့မှုများ ပေါ်ပေါက်စေခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ယနေ့ထက်တိုင် ဟန့်တားလျက်ရှိသည်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတင်ပြချက်တွင် သီးခြားကုလသမဂ္ဂရုံး တစ်ရုံးက ကိုင်တွယ်သည့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စများကို အထူးပြုထားရာ လုပ်ငန်းများထပ်တူဖြစ်နေကြောင်းနှင့် မဟာမင်းကြီး၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေ ကြောင်း ပြသရာရောက်သည်။ လူသားချင်းစာနာမှုဆိုင်ရာ သွားရောက်ခွင့်များငြင်းပယ် ကြောင်း မဟာမင်းကြီး၏ အစီရင်ခံစာတွင် စွပ်စွဲချက်မှာ လွဲမှားလျက်ရှိသည်။ ခရီးသွား လာခွင့်များနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အီးယူအပါအဝင် သံရုံး များကို ၆၂ ကြိမ်၊ ကုလသမဂ္ဂအေဂျင်စီများကို ၄၆ ကြိမ်နှင့် အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) ကို ၁၀ ကြိမ် မြန်မာအစိုးရက ခွင့်ပြုခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကိုအကြိမ် ၆၀ ကျော်၊ အစိုးရမဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်း များကို အကြိမ် ၈၀ ကျော်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို အကြိမ်ပေါင်း ၅၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ သည် မြန်မာနိုင်ငံကို အထီးကျန်စေရန် ရည်ရွယ်ချက်ဖြင့် အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရသည်။ အစိုးရကိုသိက္ခာချရန်ကြိုးပမ်းမှုအဖြစ် အကန့်အသတ်မရှိ စာရွက်စာတမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက အထူးအစီရင်ခံစာ တင်သွင်းသူအတွက် ဆီလျော်မှုမရှိသော လုပ်ပိုင်ခွင့်ကိုပေးအပ်ထားသည်။ အထူးအစီရင်ခံစာတင်သွင်းသူ သည် အပြစ်မဲ့ပြည်သူ ၆၀၉၁ ဦးကို သေဆုံးစေခဲ့သော NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ လူမဆန်သောပြစ်မှုများကို ဖုံးကွယ်ထားသည်။ အထူး အစီရင်ခံစာတင်သွင်းသူက မြန်မာနိုင်ငံ၏ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ အတွက် ဖြည့်ဆည်းပေးသည့် အစိုးရပိုင်လုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အဖွဲ့ဝင်နိုင်ငံများကို ထပ်မံတောင်းဆိုထားသည်။ ယင်းမှာ ပြည်သူများကို ထိခိုက်စေရန်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ချိုးဖောက်ရန်အတွက် သာဖြစ်သည်။
ထို့အပြင် မြန်မာအရေးကိစ္စသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်း ရေးနှင့် လုံခြုံရေးအပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်ပေါ်စေသည့်အတွက် ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလတွင် အတည်ပြု၊ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်အဆိုတို့တွင် ကုလ သမဂ္ဂလုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး(ICC)တို့ကို ရည် ညွှန်းဖော်ပြမှုများကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချသည်။
နိုင်ငံတစ်နိုင်ငံကိုဦးတည်သည့် ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်း တို့၏ နောက်ဆက်တွဲ အပြန်အလှန်ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံ တကာအသိုက်အဝန်းတို့အကြား ဓမ္မဓိဋ္ဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘောဆောင် သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ပေါ်စေခြင်းမရှိသည့်အတွက် ယင်း တို့ကို မြန်မာနိုင်ငံက အစဉ်တစိုက်ဆန့်ကျင်သည်။ အစီရင်ခံစာများနှင့် နိုင်ငံအချို့၏ မိန့်ခွန်းများတွင် ပါဝင်သည့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် ဝင်ရောက်စွက်ဖက် ပြောဆိုချက်များကို မြန်မာနိုင်ငံကပယ်ချပြီး အစည်းအဝေးများတွင် မိတ်ဆွေနိုင်ငံ များ၏ မျှတပြီးအပြုသဘောဆောင်သော ပြောကြားချက်များအတွက် ကျေးဇူးတင် ရှိသည်။ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်ရာတွင် ပါဝင်ပတ်သက်ခြင်းမပြုသော နိုင်ငံများနှင့် မြန်မာနိုင်ငံက အတူရပ်တည်သည်။
အထက်တွင်ဆိုခဲ့သော ဆွေးနွေးမှုများနှင့် အစည်းအဝေးများသည် မြန်မာနိုင်ငံ မပါဝင်ဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အသေးစိတ်တုံ့ပြန် မှုများ ပြုလုပ်ပြီးဖြစ်ကာ ယင်းတုံ့ပြန်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့၏ ဝက်ဘ်ဆိုက်များတွင် တွေ့ရှိနိုင်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၇-၂၀၂၃)
- ဂျီနီဗာမြို့တွင် ၁၉-၆-၂၀၂၃ ရက်မှ ၁၄-၇-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့် အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ ဆိုင်ရာအစည်းအဝေးများကို သက်ဆိုင်ရာနိုင်ငံမပါဘဲကျင်းပခဲ့ပြီး ယင်းမှာ ကောင်စီ ၏ မူဝါဒများနှင့် ရည်ရွယ်ချက်တို့နှင့် သွေဖည်လျက်ရှိ။
- အထက်ပါဆွေးနွေးပွဲများနှင့် လတ်တလောချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုတို့ သည် မြန်မာပြည်သူများအပေါ် အမုန်းစကားမြောက်ကြောင်းနှင့် ယဉ်ကျေးမှုနှင့် တိုင်းရင်းသားမျိုးစုံပါဝင်သော မြန်မာ့အသိုက်အဝန်းအကြား စိတ်ဝမ်းကွဲပြားစေရန် လှုံ့ဆော်ရာရောက်ကြောင်း စိုးရိမ်စွာဖြင့် မှတ်သားရ။
- ကောင်စီ၏ ဆွေးနွေးပွဲအမျိုး မျိုးကို အသုံးချ၍ တစ်ဖက်သတ်ဇာတ်ကြောင်းများ ဖန်တီးနေစေကာမူ ကော့ဘဇားရှိ စခန်းများတွင် တိုက်ပွဲများနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများက အကာမူဂျာဟီဒင်ခေါ် အာဆာအကြမ်းဖက်အဖွဲ့၏ အကြမ်း ဖက်လုပ်ရပ်များကို သက်သေပြလျက်ရှိပြီး ယင်းအကြမ်းဖက်မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှအတင်းအကျပ် နေရပ်စွန့်ခွာခဲ့မှုများ ပေါ်ပေါက်စေခဲ့ကာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ယနေ့ထက်တိုင် ဟန့်တားလျက်ရှိ။
- ခရီးသွားလာခွင့်များနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အီးယူ အပါအဝင် သံရုံးများကို ၆၂ ကြိမ်၊ ကုလသမဂ္ဂအေဂျင်စီများကို ၄၆ ကြိမ်နှင့် အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) ကို ၁၀ ကြိမ် မြန်မာအစိုးရက ခွင့်ပြုခဲ့။
- ရခိုင်ပြည်နယ်အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို အကြိမ် ၆၀ ကျော်၊ အစိုးရမဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်းများကို အကြိမ် ၈၀ ကျော်နှင့် အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို အကြိမ်ပေါင်း ၅၀၀ ကျော် ခရီးသွား လာခွင့်ပြုခဲ့။
- မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူသည် အပြစ်မဲ့ပြည်သူ ၆,၀၉၁ ဦးကို သေဆုံးစေခဲ့သော NUG နှင့် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များ၏ လူမဆန်သောပြစ်မှုများကို ဖုံးကွယ်ထား။
- မြန်မာအရေးကိစ္စသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်ပေါ်စေသည့်အတွက် အဆိုပါ အစည်းအဝေးကာလတွင် အတည်ပြု၊ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်အဆိုတို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC)တို့ကို ရည်ညွှန်းဖော်ပြမှုများကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ။
- နိုင်ငံတစ်နိုင်ငံကိုဦးတည်သည့် ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်း တို့၏ နောက်ဆက်တွဲ အပြန်အလှန်ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံ တကာအသိုက်အဝန်းတို့အကြား ဓမ္မဓိဋ္ဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘော ဆောင်သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ပေါ်စေခြင်းမရှိသည့် အတွက် ယင်းတို့ကို မြန်မာနိုင်ငံက အစဉ်တစိုက်ဆန့်ကျင်။
Add new comment