စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၊ ရက်ကတ်ထရင်ဘတ် (Yekaterinburg) မြို့၌ ကျင်းပသည့် INNOPROM International Industrial Exhibition သို့တက်ရောက်၍ ကုမ္ပဏီများက ခင်းကျင်းပြသထား သည့် ထုတ်ကုန်များ၊ စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး Ural State Mining University ရှိ ဘူမိဗေဒပြခန်း၊ Museum complex of military and civil equipment of the Ural Mining and Metallurgical Company နှင့် Stone-crafting House တို့သို့ သွားရောက်လေ့လာခဲ့ပါသည်။
-
ပြည်ထောင်စုဝန်ကြီးဦးဆောင်သောအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဒဲနစ်မန်ဒူးရော့ဖ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေသည့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သံမဏိထုတ်လုပ်ရေး၊ ဆေးဝါးဆိုင်ရာပူးပေါင်းထုတ်လုပ်ရေး၊ ချည်မျှင်နှင့်အထည်ထုတ်လုပ်ရေး၊ ဘိလပ် မြေထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းကိရိယာများ ထုတ် လုပ်ရေး၊ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်း များ ရှာဖွေနေမှုနှင့် ရုရှား-မြန်မာနှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ အပြန်အလှန်ဆွေးနွေးခဲ့။
-
ပြည်ထောင်စုဝန်ကြီးဦးဆောင်သောအဖွဲ့သည် ယီကာကျီရင်ဘတ်မြို့ရှိ Ural State Mining University ၏ ဘူမိဗေဒပြခန်းသို့ သွားရောက်၍ ခေတ်အဆက်ဆက်မှ ဘူမိဗေဒဆိုင်ရာ စွန့်ဦးရှာဖွေတွေ့ရှိမှုများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ အဆင့် ဆင့်တိုးတက် ပြောင်းလဲလာမှုနှင့်၊ ဒေသထွက် အဖိုးတန်သတ္တုရိုင်းများကို ကြည့် ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့။
-
ပြည်ထောင်စုဝန်ကြီးဦးဆောင်သောအဖွဲ့သည် ယီကာကျီရင်ဘတ်မြို့ရှိ Museum complex of military and civil equipment of the Ural Mining and Metallurgical Company တွင် ခင်းကျင်းပြသထားသည့် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သော သစ်သားကိုယ်ထည် တိုက်လေယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးလက်နက်များ၊ တင့်ကားများ၊ သင်္ဘောများနှင့် ရှေးယခင်က အသုံး ပြုခဲ့ကြသည့် ရေနွေးငွေ့သုံးမီးရထားများကို သွားရောက်ကြည့်ရှုလေ့လာခဲ့။
ထို့ပြင် Stone-crafting House by Alexey Antonov ကျောက်ဆစ်အနုပညာ ပြခန်းသို့ သွားရောက်ပြီး ရှေးဟောင်းတိရစ္ဆာန် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ကမ္ဘာ့ဒေသ အနှံ့အပြားမှ စုဆောင်းထားသည့် အမျိုးစုံသောကျောက်များ၊ ထုဆစ်ပြုလုပ်ထားသော အရွယ်အစားမျိုးစုံကျောက်ဆစ်ပန်းပုများ၊ ရုရှားနိုင်ငံ၏ ရှေးအကျဆုံး တူးဖော်ရရှိထား သည့် ရွှေများနှင့် ကျောက်သားပန်းချီကားချပ်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၃)
|
Add new comment