(၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းဖလှယ်မှုနှင့် ပူးပေါင်း တီထွင်ဆောင်ရွက်မှုညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် ဇူလိုင်လ ၁၃ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းဖလှယ်မှုနှင့် ပူးပေါင်းတီထွင် ဆောင်ရွက်မှုညီလာခံသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါညီလာခံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် မလေးရှား နိုင်ငံတို့မှ သိပ္ပံနှင့်နည်းပညာဆိုင်ရာဝန်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်တို့က အမှာစကားပြောကြားခဲ့ပြီးနောက် “2023 China-ASEAN Innovation and Entrepreneurship Competition” ၏ ဖွင့်ပွဲအခမ်းအနားသို့ ဆက်လက်တက် ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Information Hub ရှိ Artificial Intelligence-AI နည်းပညာများနှင့် Digital Economy ဆိုင်ရာနည်းပညာများနှင့် Nanning Transportation Vocational School သို့ သွားရောက်၍ သင်ကြားသင်ယူမှု ဆောင်ရွက်နေမှု၊ Workshop များနှင့် LAB ခန်းများတွင် လက်တွေ့သင်ကြားဆောင် ရွက်နေမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့သို့ ဇူလိုင်လ ၁၂ ရက်တွင် ရောက်ရှိခဲ့ပြီး ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့အုပ်ချုပ်ရေးမှူး Mr.Lan Tiani က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံတို့မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး Mr.Wang Zhigang နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်း ပညာကဏ္ဍပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင်စေလွှတ်ရေး၊ နည်းပညာလွှဲပြောင်း မှု၊ သုတေသနပူးပေါင်းဆောင်ရွက်မှု၊ Myanmar Digital Economy Innovation and Entrepreneurship Center ထူထောင်ရေး၊ Food Technology ဆိုင်ရာသင်တန်းများ၊ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ သင်ကြားရေးနည်းစနစ်များနှင့် အစားအသောက်ဓာတ်ခွဲ ခန်းများကို နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းဖလှယ်မှုနှင့် ပူးပေါင်း တီထွင်ဆောင်ရွက်မှုညီလာခံသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့။
  • ပြည်ထောင်စုဝန်ကြီးသည် Information Hub ရှိ Artificial Intelligence-AI နည်းပညာများနှင့် Digital Economy ဆိုင်ရာနည်းပညာများနှင့် Nanning Transportation Vocational School သို့ သွားရောက်၍ သင်ကြားသင်ယူမှု ဆောင်ရွက်နေမှု၊ Workshop များနှင့် LAB ခန်းများတွင် လက်တွေ့သင်ကြား ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့။

Add new comment