လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့်် ဓာတ်အားခွဲ ရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စစ်တွေမြို့၊ ပုဏ္ဏား ကျွန်းမြို့၊ ကျောက်တော်မြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ရသေ့တောင်မြို့နှင့် ပေါက်တော မြို့တို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့အား ဇွန်လ ၇၊ ၁၈၊ ၂၃ ရက်နှင့် ဇူလိုင်လ ၅ ရက်တို့တွင် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ ကျန်ရှိနေသောမြို့များနှင့် ကျေးရွာများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၃ ရက်တွင် ဘူးသီးတောင်မြို့ရှိ ဖြန့်ဖြူးရေးထရန်စဖော်မာ ၇၅ လုံးဖြင့် မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာ ၂၄ ရွာရှိ မီးသုံးသူ ၅,၂၇၃ ဦးတို့ကိုလည်းကောင်း၊ မောင်တောမြို့ရှိ ဖြန့်ဖြူးရေး ထရန်စဖော်မာ ၈၁ လုံးဖြင့် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာ ၂၄ ရွာရှိ မီးသုံး သူ ၆,၄၇၄ ဦးတို့ကို လည်းကောင်း ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးထားပြီးဖြစ် ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အား လိုင်းနှင့်် ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည့် မြို့နယ် ၁၀ မြို့နယ် ကို ဓာတ်အားများနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးကို နိုင်ငံတော်ဓာတ်အား စနစ်မှ ပြန်လည်ဖြန့်ဖြူးပေနိုင်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၃)
- ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အား လိုင်းနှင့်ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည့် မြို့နယ် ၁၀ မြို့နယ်ကို ဓာတ်အားများနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးကို နိုင်ငံတော်ဓာတ်အားစနစ်မှ ပြန်လည်ဖြန့်ဖြူးပေနိုင်ခဲ့။
Add new comment