အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီး အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၂ ကျင်းပ

“ASEAN-A Community of Peace and Shared Future” ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၄၀) မြောက် အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၂ နှင့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးအစည်းအဝေး၊ ဆက်စပ် အစည်းအဝေးများနှင့် အခမ်းအနားများကို ကမ္ဘောဒီးယားနိုင်ငံ ပရီဆီဟာနုပြည်နယ်ရှိ ဆိုခါရီဆော့ ကမ်းခြေဟိုတယ်တွင် ဇန်နဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး Dr.THONG KHON နှင့် ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့ရာတွင်-

  • ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Implementation of Action Plan on Tourism Cooperation ၂၀၁၇-၂၀၂၀ အရ ဆီရမ်ရိ-ပုဂံ တိုက်ရိုက် လေယာဉ်ပျံသန်းရေးကိစ္စများနှင့် Action Plan သက်တမ်းတိုးမြှင့်ရေးကိစ္စ။
  • မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Enchanting Myanmar Health& Safety Protocol နှင့် အာဆီယံမှ ရေးဆွဲအကောင်အထည်ဖော်မည့် ASEAN Guidelines for Hygiene and Safety ချိတ်ဆက်ကာနိုင်ငံတကာအဆင့် အသိအမှတ်ပြုရေးကိစ္စ။
  • သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စအပါအဝင် ကိုဗစ်-၁၉ အလွန်ကာလ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဈေးကွက်မြှင့်တင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၉ ရက်တွင် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၂၊ (၂၅) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ရာ-

  • ကိုဗစ်-၁၉ အလွန်ကာလ အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး အစီ အစဉ်၊ အာဆီယံခရီးသွားလုပ်ငန်းများ ဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များ ရေးဆွဲပြီးစီးမှုနှင့် ASEAN Safe Travel Stamp ကို ဆက်လက်အကောင်အထည်ဖော်မည့် အခြေအနေကို ဆွေးနွေးခဲ့။
  • အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြု ရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပြန်လည်လေ့လာဆန်းစစ်ရေး ကိစ္စရပ်များကို သဘောတူအတည်ပြုခဲ့။

ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၏ သတင်းစာ ရှင်းလင်းပွဲ၊ အာဆီယံခရီးသွားလုပ်ငန်းဆုများ ပေးအပ်ခြင်း အခမ်းအနား၊ အာဆီယံ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အာဆီယံခရီးသွားလုပ်ငန်း အမှတ်တံဆိပ် (Logo) နှင့် အာဆီယံခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရုပ်သံမိတ်ဆက်ခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • အစည်းအဝေးများတွင် နှစ်နိုင်ငံအကြား တိုက်ရိုက် လေယာဉ်ပျံသန်းရေးကိစ္စများ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စအပါအဝင် ကိုဗစ်-၁၉ အလွန် ကာလ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဈေးကွက်မြှင့်တင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့။
  • ကိုဗစ်-၁၉ အလွန်ကာလ အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး အစီအစဉ်၊ အာဆီယံခရီးသွားလုပ်ငန်းများ ဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များ ရေးဆွဲပြီးစီးမှုနှင့် ASEAN Safe Travel Stamp ကို ဆက်လက် အကောင် အထည်ဖော်မည့် အခြေအနေတို့ကို သဘောတူ အတည်ပြုခဲ့။

Add new comment