နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၃ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည် ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃) သို့ တက်ရောက်အမှာစကား ပြောကြားခဲ့ရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်မှု ၂ နှစ်ပြည့်ပြီးနောက်ပိုင်း အရေးပေါ်သက်တမ်းကာလ ၆ လ တိုးပြီးသည့်အချိန်တွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ပြင်ဆင်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း။
  • အဆိုပါ ရှေ့လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးအချက်မှာ ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်ဟူသည့် အချက်ဖြစ် ကြောင်း။
  • ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသည့် အချက်ဖြစ်ကြောင်း။
  • ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးအချက်ကို အလေးထား အကောင်အထည် ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်းနှင့် သာသနာ့အနွယ်ဝင်များစွာ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရေးပေါ် အခြေအနေနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် အရေး ပေါ်ကာလကို တိုးမြှင့်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း။
  • ၂၀၂၃ ခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များ လျော့သွား သော်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကိုတွေ့ရှိရကြောင်း။
  • လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အပြည့် အဝဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားမည် ဆိုသည့်အချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များ ရှိနေသေးသည်ကို တွေ့ရှိရ ကြောင်း။
  • အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံးမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့ဖြစ်ကြပြီး မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးအတွက် ယခုထက်ပိုမို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်ချိန်အတွင်း၌ လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်သေဆုံးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း။
  • မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ငွေကျပ် ၅၂၂ ဘီလီယံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအနေဖြင့် ငွေကြေးများ သုံးစွဲရကြောင်း။
  • မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် စီးပွားရေးတိုးတက်မှုမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်ကို ထုတ်ပြန်သည့်မှတ်တမ်းများအရ သိရှိနိုင်ကြောင်း။
  • ယခင်အနုတ်ပြနေသည့် စီးပွားရေးမှ အပေါင်းဖြစ်သည်အထိ တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး အထိုက်အလျောက် တိုးတက်လာခြင်းဖြစ်ကြောင်း။
  • ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့မှုနှင့်ပတ်သက်၍ ပဲအမျိုးမျိုး၊ ဆန်နှင့် စိုက်ပျိုး ရေးထွက်ကုန်များ၊ ရေထွက်ကုန်များနှင့်‌ မွေးမြူရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း။
  • ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန်လိုအပ်သကဲ့သို့ ပြည်ပသို့တင်ပို့နိုင်သည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လည်းလိုကြောင်း။
  • စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးနှင့် တစ်ဧကအထွက်နှုန်းများ တိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး၊ သီးထပ်စွမ်းအားများမြှင့်တင်ရေး၊ ထုတ်ကုန် များ ပြည့်ဝစွာထုတ်လုပ်နိုင်ရေးအတွက် စွမ်းအားပြည့် လည်ပတ်နိုင်ရေး နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်ကြစေလိုကြောင်း။
  • မွေးမြူရေးနှင့်ပတ်သက်၍ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီစိုက်ပျိုး မွေးမြူရေး နည်းစနစ်များကို လေ့လာ၍ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ တိုးတက်စေရေး လုပ်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။
  • မွေးမြူရေးလုပ်ငန်းများကို အားထည့်ဆောင်ရွက်ပြီး အထွက်နှုန်းကောင်းအောင် ဆောင်ရွက်မည်ဆိုပါက ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အသား ငါးဈေးများ ကျဆင်းရေးသည် မိမိတို့အစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း။
  • စားသုံးဆီဖူလုံမှုနှင့်ပတ်သက်၍ သုံးသပ်ကြည့်မည်ဆိုပါက ဆီထွက်သီးနှံများ အထွက်နှုန်းမမှန်ခြင်း၊ ပြည်ပသို့တင်ပို့နေခြင်း၊ ဒေသန္တရအစားအစာများတွင် ဆီထွက်သီးနှံများကို အများအပြားထည့်သွင်း စားသုံးနေခြင်းတို့ကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း။
  • နှမ်းနှင့်မြေပဲ ပြည်ပသို့တင်ပို့ခြင်းဖြင့် ရရှိလာသည့် ငွေကြေးသည် ပြည်ပမှစားသုံးဆီ တင်သွင်းနေရသည့် ဆီတန်ဖိုးကို မကာမိဘဲ လေးပုံတစ်ပုံခန့်သာ ရရှိသည်ကို တွေ့ရှိရကြောင်း။
  • ပြည်ပသို့ တင်ပို့နေသည့် ကုန်စည်များနှင့်ပတ်သက်၍လည်း UMFCCI နှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ချိန်ဆ၍တွက်ချက်ဆောင်ရွက်ကာ ထိန်းသိမ်းကြပ်မတ်ကြရန်လိုကြောင်း။
  • လယ်ယာမြေလုပ်ပိုင်ခွင့်ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် လယ်ယာမြေ၏ မူရင်းပိုင်ရှင် သည် နိုင်ငံတော်ပင်ဖြစ်ပြီး ဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဂဃနဏ သိရှိနား လည်ရန်လိုကြောင်း၊ ဥပဒေကို ချိုးဖောက်ပါက ထိုက်သင့်သည့် အရေးယူဆောင်ရွက် ခြင်းကို ခံယူရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများတွင် အပြည့်အဝစိုက်ပျိုးရန်လို အပ်မည်ဖြစ်ကြောင်း။
  • ဝန်ကြီးဌာနများအနေဖြင့်လည်း ဝန်ကြီးဌာနပိုင် အဆောက်အဦများ၊ မြေများ နှစ် ရှည်ငှားမည်ဆိုပါက အစိုးရထံ မူအားဖြင့် သဘောတူညီမှုယူရမည်ဖြစ်ပြီး နှစ်ရှည် ကိစ္စဖြစ်ပါက MIC သို့ ခွင့်ပြုချက်တင်ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရေငံငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သဖြင့် မွေးမြူရေးသိပ္ပံကျောင်းများ တိုးချဲ့ ဖွင့်လှစ်ပြီး ရေငံငါးနှင့် ပုစွန်မွေးမြူရေးဆိုင်ရာဘာသာရပ်များ ထည့်သွင်းသင်ကြား ပို့ချနိုင်ရေး ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးထုတ်ကုန်များတွင် အလားလာရှိသည့် လက်ဖက်၊ ကော်ဖီ၊ မက်ကဒေးမီးယား၊ သီဟိုဠ်၊ ထောပတ်၊ ကိုကိုး စသည့်သီးနှံများ ကို တိုးချဲ့စိုက်ပျိုးကြရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ပညာရှင် များနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်သွားရန်လိုကြောင်း။
  • ပညာရေးနှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း လေးသောင်းသုံးထောင်ကျော် ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား၊ကျောင်းသူ ရှစ်သန်း ကျော် ကျောင်းအပ်နှံခဲ့ပြီး ယခင်ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများထက် တစ်သန်းကျော် ပိုမိုသည်ကို တွေ့ရကြောင်း။
  • အဆိုပါ ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်နှစ်ပြီးဆုံးသည်အထိ အပြည့်အဝကျောင်းတက်နိုင်ရေးနှင့် အဆင့်လိုက် အတန်းကူးပြောင်းမှုရာခိုင်နှုန်း မြင့်မားရေးအတွက် သက်ဆိုင်ရာအလိုက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
  • ကျောင်းများနှင့် ဆရာ၊ ဆရာမများ လုံခြုံမှုရှိစေရေးအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနက လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း။
  • ယခုအခြေခံပညာကျောင်းများသည် KG+12 အထိရှိသဖြင့် ကျောင်းများအဆင့်မြှင့် တင်ရာတွင် သတ်မှတ်ထားသည့် မြေနေရာအကျယ်အဝန်းနှင့် ကျောင်းအင်္ဂါရပ် များပြည့်စုံကောင်းမွန်စေရန် ကြိုတင်စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • ဝန်ကြီးဌာနများအလိုက် ငွေလုံးငွေရင်းအသုံးစရိတ်နှင့် သာမန်အသုံးစရိတ်များကို သုံးစွဲရာတွင် အလွဲသုံးစားမှုများမရှိရေးနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေးအတွက် တာ ဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြည်လည်ထူ‌ထောင်ရေးဆောင်ရွက်ရာတွင် အများ နှင့်သက်ဆိုင်သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ ရုံးဌာန အဆောက်အဦများကို ဦးစားပေးအနေဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်တည်ဆောက် ရန်နှင့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စွမ်းအားပြည့်ဆောင်ရွက်ပြီး ထုတ်ကုန်များကို တိုးတက်အောင် ထုတ်လုပ်နိုင်ပါက တိုင်းပြည်ဝင်ငွပိုမိုရရှိမည်ဖြစ်သည့်အပြင် နိုင်ငံ ခြားဝင်ငွေလိုအပ်ချက်ကိုလည်း အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက် ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၃)

 

  • ရှေ့လုပ်ငန်းစဉ် () ရပ်တွင် အရေးကြီးဆုံးအချက်မှာ ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်ဟူသည့် အချက်ဖြစ်။
  • ၂၀၂၃ ခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၇၈၂ ဦးရှိခဲ့၊ အကြမ်းဖက်ဖြစ်စဉ်များ လျော့သွားသော် လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကိုတွေ့ရှိရ။
  • မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုမှာ ဒသမ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ သည်ကို ထုတ်ပြန်သည့်မှတ်တမ်းများအရ သိရှိနိုင်။
  • ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန်လိုအပ်သကဲ့သို့ ပြည်ပသို့တင်ပို့နိုင်သည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လည်းလို။
  • ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း လေးသောင်းသုံးထောင်ကျော် ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား၊ကျောင်းသူ ရှစ်သန်း ကျော် ကျောင်းအပ်နှံခဲ့ပြီး ယခင်ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများထက် တစ်သန်းကျော် ပိုမိုသည်ကို တွေ့ရှိရ။
  • အဆိုပါ ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်နှစ်ပြီးဆုံးသည်အထိ အပြည့်အဝကျောင်းတက်နိုင်ရေးနှင့် အဆင့်လိုက် အတန်းကူးပြောင်းမှုရာခိုင်နှုန်း မြင့်မားရေးအတွက် သက်ဆိုင်ရာအလိုက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်။
  • မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြည်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် အများ နှင့်သက်ဆိုင်သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ ရုံးဌာန အဆောက်အဦများကို ဦးစားပေးအနေဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်တည်ရန်လို။

Add new comment