ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီက ဦးဆောင်၍ ပြည်နယ်အဆင့်ကော်မတီများဖြစ်သည့် ကချင်၊ ကရင်၊ ရခိုင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က IDP/ ယာယီနေရပ်စွန့်ခွာသူများ ထောက်ပံ့ကူညီမှုများကို ဆောင်ရွက် ခဲ့ပါသည်။
၂၀၂၃ ခုနှစ် မေလအတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ IDP စခန်း ၅ ခု၊ ဝိုင်းမော်မြို့နယ်ရှိ IDP စခန်း ၂ ခု၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ဖာပွန်မြို့နယ် အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း IDP စခန်းများအသီးသီးရှိ အိမ်ထောင်စုပေါင်း ၂,၀၁၁ အတွက် ပြည်နယ်အစိုးရအစီ အစဉ်ဖြင့် ငွေကျပ် ၆၉.၇၅၇ သန်းရှိ ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ထောက်ပံ့ကူညီ ခဲ့ကြောင်း သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၃)
- ၂၀၂၃ ခုနှစ် မေလ အတွင်း ပြည်နယ်အဆင့် ကော်မတီများဖြစ်သည့် ကချင်၊ ကရင်၊ ရခိုင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က IDP/ ယာယီနေရပ်စွန့်ခွာသူ များအား ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ငွေကျပ် ၆၉.၇၅၇ သန်းရှိ ထောက်ပံ့ ငွေနှင့်ပစ္စည်းများကို ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်ခဲ့။
Add new comment