ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီမိုကရက်တစ်အင်အားစုလေဘာပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး

         ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံ ရေးပါတီများ၏ ပါတီလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင် ရွက်ထားရှိခြင်း ရှိ၊ မရှိ ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှ တာဝန်ရှိသူများသည် ဇူလိုင်လ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီမှဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပါသည်။

ထို့နောက် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီဥက္ကဋ္ဌ ဒေါ်တင်တင်မာက ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုတင်ပြပြီး ကော်မရှင်အဖွဲ့ဝင် များက လိုအပ်သည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၃)

 

  •  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မန္တလေးတိုင်းဒေသကြီးနယ်မြေအခြေ စိုက် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီအား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပါတီလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့။

Add new comment