တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • မြေလတ်အသံအမည်ရှိ တရားမဝင်မီဒီယာတစ်ခုမှ တင်ထားသော ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဝက်ထီးကန်တိုက်နယ်တွင် လယ်ယာစိုက်ပျိုးရေးချေးငွေကို အတင်းအဓမ္မဆပ်ခိုင်းနေသဖြင့် လယ်သမားများ ထိတ်လန့်နေ၊ ချေးငွေမဆပ်နိုင်သူများကို တရားစွဲ၍ ဖမ်းဆီးအရေးယူနေ ဟူသည့် သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းအမှားများသာဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များအနေဖြင့် ကြွေးကျန်ချေးငွေများကောက်ခံရာတွင် စည်းရုံးကောက်ခံသည့်နည်းဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး ချေးငွေဆပ်ရန်ကျန်ရှိသူများအား အမှုဖွင့်အရေးယူထားခြင်းမရှိ ကြောင်း၊ ကြွေးကျန်များ ပေးဆပ်ပြီးသည့်အခါ ချေးငွေသစ်များအား စိုက်ပျိုးချိန်အမီ ထုတ်ချေးလျက်ရှိကြောင်း သိရှိရ။
  • မြေလတ်အသံအမည်ရှိ တရားမဝင်မီဒီယာတစ်ခုမှ တင်ထားသော အိုးဘိုထောင်တွင် နိုင်/ကျဉ်းအမျိုးသမီးများ အနိုင်ကျင့်နှိပ်စက်ခံရပြီး ဆေးကုခွင့်မရရှိဟူသည့် သတင်းသည် ကောလာဟလသတင်းများဖြစ်ပြီး အကျဉ်းထောင်ဝန်ထမ်းများအနေဖြင့် အကျဉ်းသား/သူ၊ အချုပ်သား/သူ များအပေါ်  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းများမရှိကြောင်းနှင့် အကျဉ်းထောင်အက်ဥပဒေ၊ လက်စွဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ဒေသခံပြည်သူများက နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်မှုကို ထိခိုက်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအတု၊ သတင်းအမှားများအား ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၂-၂၀၂၃)

 

  • ဝက်ထီးကန်တိုက်နယ်တွင် လယ်ယာစိုက်ပျိုးရေးချေးငွေကို အတင်းအဓမ္မဆပ်ခိုင်းနေသဖြင့် လယ်သမားများ ထိတ်လန့်နေ၊ ချေးငွေမဆပ်နိုင်သူများကို တရားစွဲ၍ ဖမ်းဆီးအရေးယူနေဟူသည့်သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းအမှားများသာဖြစ်။
  • အိုးဘိုထောင်တွင် နိုင်/ကျဉ်းအမျိုးသမီးများ အနိုင်ကျင့်နှိပ်စက်ခံရပြီး ဆေးကုခွင့်မရရှိ ဟူသည့်သတင်းသည် ကောလာဟလသတင်းများဖြစ်။

 

Add new comment