ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၇) ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၆ နှင့် ၂၇ ရက်တို့တွင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့ပါသည်။
နိုင်ငံရေးအစွန်းရောက် PDF အကြမ်းဖက်သမားများက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ငဲ့ညှာထောက်ထားခြင်းမရှိဘဲ ပြည်သူများနေထိုင်လျက်ရှိသည့် ကျေးရွာ၊ ရပ်ကွက်များအား စစ်ရေးပစ်မှတ်သဖွယ် သဘောထား၍ အကြောင်းမဲ့ဖောက် ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း များကို မကြာခဏပြုလုပ်လျက်ရှိပါသည်။
အပြစ်မဲ့ပြည်သူများ၏ နေအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၂-၂၀၂၃)
- ကော့ကရိတ်မြို့၊ အမှတ် (၇) ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်) အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့။
Add new comment