ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများအား ရှင်းလင်းချပြ

       ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပခဲ့ပြီး အခမ်းအနားအပြီးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက-

  • ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ-တရုတ်ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသော ကျောက်ဖြူအထူးညစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိ တက် (စီမံကိန်းကုမ္ပဏီ) တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ချုပ်ဆိုခဲ့ကြောင်း။
  • ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာချုပ်ပါအချက်အလက်အချို့အား မြန်မာ-တရုတ်နှစ်ဘက်လုံး၏လုပ်ပိုင်ခွင့်အာဏာနှင့်တာဝန်ဝတ္တရားများကို ပို၍ရှင်းလင်းအောင်သတ်မှတ်နိုင်ရန် လိုအပ်သဖြင့် လည်းကောင်း၊ ယခင်လုပ်ငန်း လုပ်ကိုင်ခွင့်သဘောတူစာချုပ် ( Concession Agreement) အပေါ် ပိုမိုရှင်းလင်း တိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သဖြင့် လည်းကောင်း၊ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း။
  • ညှိနှိုင်းဆွေးနွေးချက်များအရ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စားလှယ်တို့အကြား  နောက်ဆက်တွဲစာချုပ် (Addendum) အား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောလျင်စွာ စတင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ဤစီမံကိန်းသည် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။
  • ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစား အခြေခံအဆောက်အအုံ တိုးတက်ရေးစီမံကိန်းတစ်ခုဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်းတွင် မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ် ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်ကြောင်း။
  • ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းဆိပ်ခံတံတားပေါင်း ၁၀ ခု ဖြင့် နှစ်စဉ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားပြီး စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း။
  • ယင်းစီမံကိန်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီး (Gateway) အသွင်ဖြင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။
  • ၂၀၂၂ ခုနှစ်မှစတင်ကာ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကနဦး ပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာတိုင်းတာစစ်ဆေးမှုလုပ်ငန်း (PGTS) နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း (ESIA) တို့ကို လုပ်ဆောင်ခဲ့ရုံသာမက ကမ္ဘာပေါ်၌ နာမည် ကျော်ကြားသော ကနေဒါနိုင်ငံအခြေစိုက် စီမံကိန်းစီမံခန့်ခွဲမှုကုမ္ပဏီ HATCH အား စီမံကိန်းအတိုင်ပင်ခံအဖြစ် ခန့်အပ်ထားပြီး ၎င်း၏အကူအညီဖြင့် ကန်ထရိုက်တာများ ရွေးချယ်ခြင်းနှင့် စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း။
  • စီမံကိန်းကုမ္ပဏီသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအား တင်းတင်းကြပ်ကြပ် လိုက်နာပြီး နိုင်ငံတကာအိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြင့် ပြည်တွင်းအတွေ့အကြုံနှင့် နိုင်ငံတကာအမြင်များ ပြည့်ဝသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှု ဆန်းစစ်ခြင်း လုပ်ငန်း (ESIA) အတိုင်ပင်ခံကုမ္ပဏီအား ခန့်အပ်ထားခြင်းလည်းဖြစ်ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း (ESIA) အတိုင်ပင်ခံကုမ္ပဏီသည် ရေနက်ဆိပ်ကမ်းစီမံကိန်းဝန်းကျင်ရှိ သဘာဝပတ်၀န်းကျင်ဆိုင်ရာအခြေခံအခြေအနေများကို သိရှိနားလည်နိုင်စေရန် လေ့လာဆန်းစစ် ခြင်းနှင့် အများပြည်သူပူးပေါင်းပါဝင်ခြင်းဆိုင်ရာလုပ်ငန်းစဉ် (public participation activities) များကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဒေသခံများ၏စိုးရိမ်ပူပန်မှုများကို မှတ်တမ်းတင်ရယူခဲ့ကြောင်း။
  • ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တိုးတက်ဆောင်ရွက်ရာတွင် "PPP" ("People၊ Prosperity၊ Planet") ဖြစ်သော ပြည်သူလူထုအကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းစသည့် အခြေခံမူကြီး ၃ ချက်အပေါ် မူတည်ပြီး  အလေးထား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • စီမံကိန်းကုမ္ပဏီအနေဖြင့် စီမံကိန်းတည်ဆောက်ရေးအဆင့်၏ ပထမ ၅ နှစ်တွင် နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀၊ လည်ပတ်ရေးအဆင့်တွင် နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ထည့်ဝင်ပြီး CSR နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ကြောင်း။
  • လူမှုအကျိုးပြု CSR လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ‌ဒေသခံအဝန်းအဝိုင်း၏ ညီညွတ်မျှတစွာ ပါဝင်မှုကို ဖိတ်ခေါ်လိုပြီး အကျိုးသက်ဆိုင်သူများ၏ ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များကိုလည်း သေချာစွာ နားထောင်သွားမည် ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာဖြင့် ဆွဲဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံတော်အတွက် များပြားသောအခွန်ငွေများ ဖန်တီးပေးကာ ပတ်ဝန်ကျင်ရှိ upstream နှင့် downstream လုပ်ငန်းများအား မြှင့်တင်ပေးနိုင်တဲ့အတွက် ‌မြန်မာနိုင်ငံတစ်ပြည်လုံး၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူပြည်သားတစ်ဦးချင်းစီ GDP ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် မြန်မာနိုင်ငံမှ လုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီနှင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၂-၂၀၂၃)

 

  • ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစားအခြေခံအဆောက်အအုံတိုးတက်ရေးစီမံကိန်းတစ်ခုဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်းတွင် မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ် ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်။
  • ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းဆိပ်ခံတံတားပေါင်း ၁၀ ခု ဖြင့် နှစ်စဉ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ,၀၀၀,၀၀၀ လက်ခံနိုင်ရန် လျာထားပြီး စီမံကိန်းပြီးစီး အောင်မြင်ပါ က မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်။
  • ယင်းစီမံကိန်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခုဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီး (Gateway) အသွင်ဖြင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်။
  • ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တိုးတက်ဆောင်ရွက်ရာတွင် "PPP" ("People Prosperity Planet") ဖြစ်သော ပြည်သူလူထုအကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းစသည့် အခြေခံမူကြီး ချက်အပေါ် မူတည်ပြီး  အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်။
  • မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာဖြင့် ဆွဲဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံတော်အတွက် များပြားသော အခွန်ငွေများ ဖန်တီးပေးကာ ပတ်ဝန်ကျင်ရှိ upstream နှင့် downstream လုပ်ငန်းများအား မြှင့်တင်ပေးနိုင်တဲ့အတွက် မြန်မာနိုင်ငံတစ်ပြည် လုံး စီးပွားရေးဖွံဖြိုးတိုးတက် ရေးနှင့် ပြည်သူပြည်သားတစ်ဦးချင်းစီ GDP ကို မြှင့်တင်ပေးနိုင်မည်ဖြစ်။

Add new comment