SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးထပ်မံတွေ့ရှိရမှု

ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀-၁-၂၀၂၂ ရက်နေ့တွင် ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအနက် ဓာတ်ခွဲနမူနာ ၂၈ ခုတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပါသည်။

အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား(၂၈)ဦးမှာ  Relief   Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး မလေးရှားနိုင်ငံမှ (၁၁) ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ (၆) ဦး၊ ထိုင်းနိုင်ငံမှ (၃) ဦး၊ စင်ကာပူနိုင်ငံမှ (၄) ဦး၊ အိန္ဒိယနိုင်ငံမှ (၂) ဦး၊ ယူအေအီးနိုင်ငံမှ (၁) ဦးနှင့် ရုရှား နိုင်ငံမှ (၁) ဦးတို့ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၄၆ ဦး ရှိပြီး ပြည်ပမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၁၄၄ ဦးနှင့် ၎င်းတို့နှင့် ထိတွေ့သည့် မိသားစုဝင် ၂ ဦးတို့ဖြစ်ပါသည်၊၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၄၄ ဦးမှာ မြန်မာနိုင်ငံသား ၁၂၉ ဦးနှင့် နိုင်ငံခြားသား ၁၅ ဦး တို့ဖြစ်ပြီး ယူအေအီးနိုင်ငံမှ ၁၈ ဦး၊ မလေးရှားနိုင်ငံမှ ၃၀ ဦး၊ အိန္ဒိယနိုင်ငံမှ ၆၉ ဦး၊ ထိုင်းနိုင်ငံမှ ၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ၁၂ ဦး၊ စင်ကာပူနိုင်ငံမှ ၅ ဦးနှင့် ရုရှားနိုင်ငံမှ ၁ ဦးတို့ဖြစ်ပါသည်၊၊

အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှု များ  ဆောင်ရွက်လျက်ရှိပြီး  ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း  အသွားအလာကန့်သတ်ခြင်း (Strict Quarantine)နှင့် ဓာတ်ခွဲစမ်း သပ်စစ်ဆေးမှုများအား အထူးအားဖြည့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

  • ၂၀-၁-၂၀၂၂ ရက်နေ့တွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး (၂၈)ဦး ထပ်မံတွေ့ရှိပြီး အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၄၆ ဦးရှိပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၄၄ ဦးနှင့် ၎င်းတို့နှင့် ထိတွေ့သည့် မိသားစုဝင် ၂ ဦး၊၊
  • ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၄၄ ဦးမှာ မြန်မာနိုင်ငံသား ၁၂၉ ဦး နှင့် နိုင်ငံခြားသား ၁၅ ဦး တို့ဖြစ်ပြီး ယူအေအီးနိုင်ငံမှ ၁၈ ဦး၊ မလေးရှားနိုင်ငံမှ ၃၀ ဦး၊ အိန္ဒိယနိုင်ငံမှ ၆၉ ဦး၊ ထိုင်းနိုင်ငံမှ ၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ၁၂ ဦး၊ စင်ကာပူနိုင်ငံမှ ၅ ဦးနှင့် ရုရှားနိုင်ငံမှ ၁ ဦး၊၊

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 68485952367da59eeb988a5.44550268 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).